Unexpected Love
Part -4
"အငယ်မ.... သမီးမျက်နှာကြီး နီနေပါ့လား...."
သဘက်ခါဆို ကိုကိုက ပြန်တော့မှာဖြစ်သည်။ ကိုကို့အပြင် ရွက်နုပါ မှုန်တို့ကို ခွဲသွားမှာမလို့ မှုန် စိတ်မကောင်းဖြစ်ကာ မှုန့်အိမ်လေးထဲ တစ်ယောက်တည်း ကြိ-တ်ငိုနေခဲ့တာဖြစ်သည်။ အမေက ပစ္စည်းတွေ ဝိုင်းထည့်ပေးဖို့ ခေါ်တာကြောင့် ထွက်လာခဲ့ရသဖြင့် မှုန့် မျက်နာနီနေတာကို အမေတွေ့သွားခြင်းသာ။
"မှုန်.... မျက်စိထဲ ခုဏက အကောင်ဝင်သွားလို့ပါ အမေရဲ့....."
"အေး.... အေး.... သွားအိပ်ချေတော့လေ.... ခဏနေ သမီးအဖေလည်း ပြန်လာတော့မှာပဲ.... မောင်စစ်ကတော့ သားကြီးအိမ် အိပ်ဖြစ်မလားပဲ....."
"ဟုတ်.... အမေ.... အဲ့တာဆို မှုန် သွားအိပ်ပြီနော်...."
မှုန့်အိမ်လေးဘက် ပြန်လာရင်း မနက်နိုးချိန် မျက်နှာ ထပ်နီနေမှာ စိုးတာကြောင့် မျက်နှာသွားသစ်လိုက်ပြီး သနပ်ခါး လူးလိုက်သည်။ မြို့ကသူတွေလို Skin care တွေ မလူးပဲ ညဘက် သနပ်ခါး အမြစ်တုံး လူးအိပ်တာက မှုန့်ရဲ့ Skin care ခြင်းတစ်မျိုးပင်။
သနပ်ခါးလူးပြီးနောက် ခေါင်းနောက်နေသဖြင့် အိမ်ကြီးမှာ ဆေးလာပြန်သောက်ရသေး၏။ မှုန်က ငယ်ငယ်တည်းက ငိုမိတာနှင့် ခေါင်းတွေ အုံခဲလာတတ်သည်။ ကိုကိုနဲ့ ရွက်နုရော ဦးစစ်ပါ မနက်ဖြန် တစ်ရက်ပြီးလျှင် သွားကြတော့မည်။
ကိုကိုနဲ့ ရွက်နုကမှ တစ်နှစ်မှာ တစ်ခါလောက် ပြန်လာလည်နိုင်ကြသေးသော်လည်း ဦးစစ်နဲ့တော့ ဆုံဖို့ မလွယ်တော့ပေ။ ရက်ပိုင်းလေး အတွင်း မှုန် ဦးစစ်အပေါ် သံယောဇဉ် တွယ်မိသွားခဲ့သည်။ ရုပ်ချော သဘောကောင်းသည့် ဦးစစ်ကို ရွာထဲက အပျိုလေးတွေ ရေလာ မြောင်းပေး လုပ်၍ လာလာချောင်း တတ်ကြသလို မှုန်လည်း ရိုးသားစွာ ဝန်ခံရမည်ဆိုလျှင် ဦးစစ်အပေါ် သဘောကျသွားမိပါသည်။
မဖြစ်နိုင်တဲ့ အခြေအနေတွေကြား မှုန့်ရဲ့ ခံစားချက်တွေကို ရှေ့ဆက်မတိုးခဲ့ပဲ ဦးစစ်ကို မှုန် သဘောကျခဲ့ဖူးသော လူတစ်ယောက် အဖြစ်သာ ရင်ထဲ သိမ်းထားခဲ့လိုက်သည်။ အချစ်အဖြစ် မပြောင်းလဲခင် ရပ်တန့်ထားလိုက်မိ၏။
YOU ARE READING
Unexpected Love (Completed)
Romance**Unexpected Love ** ရည်းစားက သစ္စာဖောက်ပြီး နိုင်ငံခြား ထွက်သွားလို့ ရည်းစားဟောင်းကို အရွဲ့တို-က်ပြီး မိန်းကလေးတွေနဲ့ ONS တွေ နေလိုက် တွဲလိုက် လုပ်နေတဲ့ ** စစ်သခင်** အတွင်းရေးမှူးရဲ့ မင်္ဂလာဆောင်ရှိလို့ မကွေးတိုင်းက လက်ပံကုန်း ရွာလေးကို သွားရာမှ က...
