Final Part (Unicode) 🚨🚨🚨

Start from the beginning
                                        

"ငါ နင့်စိတ်ကို သိပါတယ်.... ဒါမယ့် အကိုကလေ... အဲ့နေ့က နင်တို့ လင်မယား ပျော်နေတာကိုမြင်ပြီး အသည်းကွဲပြီး ရွာထိပ်မှာ ထန်းရည်တွေ သောက်နေတာ... ငါနဲ့တွေ့တော့ ငါ့ကို သူ့နောက် ခိုးရာလိုက်မလား‌ဆိုပြီး မူးမူးနဲ့မေးတာကို အကို့ကို ချစ်နေခဲ့တဲ့ငါက မိုက်ရူးရဲဆန်ပြီး အကို့နောက် လိုက်သွားခဲ့တာ...

ဟင့်... အကိုက မနက် အမူးပြေတော့ မျက်နှာ မကောင်းဘူး... သူက ငါ့ကို လက်ထပ်ခဲ့ပေမယ့် သူမပျော်တာ ငါသိတယ်... "

"မဟုတ်တာတွေ မတွေးပါနဲ့ မြတ်နိုးရယ်... လူနှစ်ယောက် လက်ထပ်တာ က‌စားတာမှ မဟုတ်ပဲ... သူနင့်ကို သံယောဇဉ်ရှိလို့ လက်ထပ်တာပေါ့... စိတ်မကောင်းမဖြစ်နဲ့နော်... ငါ့သူငယ်ချင်းက ဒီလောက်ချစ်ဖို့ကောင်းတာ နောက်ကျ ကိုတိုးဝေကြီး အသည်းစွဲနေမှာ..."

"အဟင်း..."

မှုန်... စစ နောက်နောက် ပြောမှ မြတ်နိုးက ပြုံးတော့သည်။ မှုန်လည်း မြတ်နိုးအတွက် စိတ်မကောင်းပါ။

✨✨✨

"ဒေါက်... ဒေါက်..."

ဦးစစ်က လက်မှတ်ထိုးဖို့တွေ ရှိတာကြောင့် မင်္ဂလာပွဲ ရှိတာတောင် အလုပ်ခန်းထဲ ခေါင်းစိုက်နေသဖြင့် ရွာကသူတွေကို မှုန်ရယ် တီကြီးနဲ့ တီလေးရယ်သာ ဧည့်ခံနေရ၏။

တီကြီးနဲ့ တီလေးက ရွာက ဧည့်သည်တွေကို ညကျ ခြံထဲမှာ အကင်ကျွေးမယ်ဟု ပြောထားသဖြင့် ညစာ စားပြီးမှ ပြန်ကြမှာဖြစ်သည်။ ညနေပိုင်း ဧည့်သည်တွေကို အသီးကျွေးထားပြီး မှုန်က ဦးစစ် အလုပ်ခန်းထဲ လာလိုက်တာဖြစ်သည်။

"ဦးစစ်... မပြီးသေးဘူးလားဟင်..."

မှုန် တံခါးဖွင့်ပြီး ဝင်သွားတော့ မှုန့်ကို တချက် မော့ကြည့်ပြီး အလုပ်ပြန်လုပ်နေတာကြောင့် ကြောင်သွားရသည်။ ဒီပုံစံက မှုန့်ကို ဦးစစ် စိတ်ကောက်နေမှန်း သိလိုက်တော့ မှုန်ဘာလုပ်မိလဲဟု အသည်းအသန် စဉ်းစားရတော့သည်။

မှုန်လည်း ဘာမှ မလုပ်ထားပါ။ နေ့လယ်တည်းက ဧည့်သည်တွေ ရောက်နေတာကြောင့် အားတောင်မအားပဲ ဘာကြောင့် စိတ်ကောက်မှန်း မသိပေမယ့် စိတ်ကောက်နေသူအနား လျှောက်သွားလိုက်ပြီး အနောက်ကနေ ပခုံးကို ဖက်ကာ ပါးကို နမ်း၍ အကြောင်းအရင်း မေးရတော့သည်။

Unexpected Love (Completed)Where stories live. Discover now