Final Part (Unicode) 🚨🚨🚨

Start from the beginning
                                        

"အဟွန်း... ကျွန်တော် လက်ထပ်ခဲ့တာက ချာတိတ်မလို့ပါ..."

ရွာထဲကသူတစ်ယောက်ရဲ့ စကားကို ဦးစစ် တုံ့့ပြန်လိုက်သည့် စကားက ရိုးရှင်းပေမယ့် မှုန့်ရင်ကိုတော့ လှုပ်ခါသွားခဲ့သည်။ မှုန် မလို့ လက်ထပ်ခဲ့တာပါတဲ့လေ။ မှုန် ဦးစစ်ကို ချစ်လိုက်ရတာ။

✨✨✨

"နင်တို့ မင်္ဂလာဆောင်တုန်းက ငါနေမကောင်းလို့ မလာနိုင်ခဲ့တာ တောင်းပန်ပါတယ် မြတ်နိုး..."

"ရပါတယ်ဟာ... နင်လက်ဖွဲ့ ပို့ပေးတာပဲကို... "

မြတ်နိုးနဲ့ ကိုတိုးဝေရဲ့ မင်္ဂလာပွဲတုန်းက မှုန် အရမ်းဖျားပြီး နေမကောင်းတာကြောင့် ဦးစစ်က သွားဖို့ ခွင့်မပြုခဲ့ပေ။ ကိုကိုနဲ့ ရွက်နုကတော့ ပြန်သွားခဲ့ကြတာကြောင့် လက်ဖွဲ့ပဲ ထည့်ပေးနိုင်ခဲ့သည်။

"နင်တို့ရော အဆင်ပြေတယ်မလား မြတ်နိုး..."

မြတ်နိုးရယ် မှုန်ရယ် မီးဖိုခန်းထဲ အအေးဖျော်ရင်း သူငယ်ချင်းနှစ်ယောက် စကားပြောဖြစ်ကြတာ ဖြစ်သည်။

"ပြေပါတယ်... မပြေစရာလည်း သိပ်မရှိဘူးလေ... ကိုတိုးဝေက အရင်တည်းက စကားသိပ်ပြောတဲ့သူမဟုတ်တော့ အေးဆေးပါပဲ..."

မှုန့်ကို ပြောပြနေသည့် မြတ်နိုးက မျက်နှာ သိပ်မကောင်းပါ။

"မြတ်နိုး နင် မျက်နှာ‌မကောင်းဘူး... တကယ် အဆင်ပြေတာရော ဟုတ်ရဲ့လား..."

"ဟင့်... ဆောရီး ရွှေမှုန်... နင် မင်္ဂလာယူနေတဲ့အချိန်မှာ ငါငိုမိလို့..."

မှုန်မေးမှ မြတ်နိုးက ထငိုလာ၏။

"ရပါတယ်ဟာ... နင်ဘာတွေဖြစ်နေလဲ ငါ့ကို ပြောပြချင်လား..."

"အင်း...

တကယ်တော့ ငါတို့ညားပြီးမှ အကိုက နင့်ကို ကြိုက်ခဲ့တာကို ငါသိခဲ့ရတာ.... ငါတောင်းပန်ပါတယ်..."

"ဘာဆိုင်လဲ မြတ်နိုးရယ်... ငါ့ကို ကိုတိုးဝေ တစ်ခါမှ သဘောကျတယ်လို့ လာမပြောဖူးပါဘူး... ပြီးတော့ ငါက ဦးစစ်ကိုပဲ ချစ်တာ... စတွေ့တည်းကချစ်တာ... အရင်တုန်းက ငါ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူးဆိုတာ နင်သိပါတယ်..."

Unexpected Love (Completed)Where stories live. Discover now