Final Part (Unicode) 🚨🚨🚨

Start from the beginning
                                        

"အလုပ်တွေ ရှိသေးတယ်ဆို... မြန်မြန်နမ်းကွာ.."

"ပြွတ်စ်...."

အမှန်တော့ အလုပ်သိပ်မရှိလို့သာ မှုန်တို့ နှစ်ယောက်သား ရုံးခန်းထဲ ပလူးနေကြတာဖြစ်သည်။ တခါတလေ အလုပ်များတဲ့ ရက်တွေဆို မှုန် ဦးစစ်နား သိပ်မကပ်ပါ။

✨✨✨

"ဟယ်... မြို့သားသူ‌ေဌးတို့ အိမ်က နန်းတော်ကြီး ကျနေတာပဲ..."

ရန်ကုန်က မှုန်တို့ရဲ့ မင်္ဂလာဆောင်ကို ဦးစစ်က ရွာကသူတွေကိုလည်း ဖိတ်ပြီး Express ကားဖြင့် အပို့အကြို လုပ်ပေး၏။ အကုန်လုံး မလာနိုင်ပေမယ့် အယောက် ၂၀လောက်တော့ ပါလာကြသည်။ အဖေနဲ့ အမေကတော့ မှုန်တို့ ခုနေတဲ့ဆီ တည်းမှာဖြစ်ပြီး ကိုကိုတို့ အိမ်မှာတော့ ရွက်နု မိဘတွေရယ် မြတ်နိုးနဲ့ ကိုတိုးဝေ လင်မယားရယ် တည်းကြမှာ ဖြစ်သည်။

ကျန်သည့် သူတချို့ကိုတော့ ဦးစစ်တို့ပိုင်သည့် တို-က်ခန်းတစ်ခန်းမှာ နေရာချပေးထား၏။ ရန်ကုန်ကို လေး၊ ငါးရက် ကြိုရောက်နေကြသည့် ရွာကသူတွေကို ဦးစစ်က အိမ်လည်ခေါ်ကာ ထမင်းကျွေးသေးသည်။

ရွာက သူတွေက အိမ်ကို ရောက်တာနှင့် ဦးစစ်တို့ အိမ်ရဲ့ ထည်ဝါမှုတွေကို သဘောကျကာ လျှောက်ကြည့်နေကြတော့သည်။ ရွာကသူတွေကို တီကြီးနဲ့ တီငယ်ကလည်း ဖော်ရွေစွာ ဧည့်ခံပြီး ဝမ်းပမ်းတသာ ကြိုဆိုပေးကြသည်။

"အထွေး... ညည်းပြောတော့ ရွှေမှုန်က မြို့ကသူဌေးနဲ့ လိုက်သွားပြီးရင် ဟိုက အိမ်ဖော်လို ထားမှာဆို... ခုကျ ရွှေမှုန်နေရတာ ဘုရင့် သမီးလိုပါလားအေ့..."

"အယ်... အဲ့... အဲ့တာက ရွှေမှုန့်ကို ခေါ်သွားပြီး ရန်ကုန်မှာ နှိမ်နေမှာကို စိုးရိမ်လို့ပါ တော့..."

ရွာမှာ ဘယ်လိုပဲ မင်္ဂလာဆောင်ခဲ့ပါစေ အတင်းအဖျင်းပြောနေကြဦးမယ်ဆိုတာ မှုန် သိပြီးသားပင်။

"ကျွန်တော်က ချာတိတ်ကို လိုချင်လို့ကို ယူထားတာလေ... ဘာလို့ အဲ့လို ထားရမလဲ... ကျွန်တော် ပိုင်ဆိုင်တာ ချာတိတ်ပိုင်တာပဲပေါ့..."

"ဒါမှန်းသိတော့ ကျုပ်အိမ်ထဲသာ မှားဝင်လာအောင် အဲ့နေ့က ဆွဲခေါ်ခဲ့ပါတယ်..."

Unexpected Love (Completed)Where stories live. Discover now