ဘာလို့ ၀မ်ဟွေ့ဟွေ့က သူမအပေါ် ရန်ငြိုးထားပြီး အပြင်းအထန်မုန်းတီးနေရတာလဲ။ ဘာဖြစ်လို့ သူမကိုသူများတွေရဲ့ မျှသုံးတဲ့ဘုံမိန်းမဖြစ်စေဖို့ တွန်းအားပေးရတာလဲ။

မျှသုံးတဲ့မိန်းမတဲ့? ဘယ်သူကများ ဒီလိုဘ၀မျိုးမှာ နေနိုင်လို့လဲ။ ဒါကြီးက လုံး၀ကိုကိုယ်ကျင့်တရားရော၊ မိသားစုမူဝါဒကိုပါ ချိုးဖောက်နေတာလေ။

ဘယ်လိုများ၊ ဘယ်လိုများ သူတို့တွေ ရက်စက်နိုင်ရတာလဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူမသာတကယ်ပဲအဲ့လိုမျိုး ခြယ်လှယ်ခံရပြီး အပို့ခံရမယ်ဆိုရင် သေချာပေါက် အဲ့လိုဘ၀မျိုးမှာနေချင်မှာမဟုတ်ပေ။ မထွက်ပြေးနိုင်ဘူးဆိုရင် အရှက်ခွဲခံရမယ့်အစား သူမ သေဖို့ပဲ ရွေးချယ်လိုက်မှာပင်။ သေရတာထက်ဆိုးတဲ့ဘ၀ကြီးထက် ဘယ်အရာမဆိုအားလုံးက ပိုကောင်းတယ်။

၀မ်ယွီလန်က သူမအရှေ့က ကောင်မလေးရဲ့ အတွေးတွေကို ဘာဖြစ်လို့ကြားနေရပြီး ဘာဖြစ်လို့ ဒီကောင်မလေးက ဒါတွေကိုသိနေရတာလဲဆိုတာ မသိပေမဲ့လည်း သူမစိတ်ထဲ တိတ်တိတ်လေး တွေးလိုက်သည်။

သူမလုံး၀ကြိုးကိုင်ခြယ်လှယ်မခံစေရ‌ဘူး။

ရွှီရှန့်တုန်းလည်းပဲ ဒီကိစ္စကို ကြားလိုက်ရသည်။ ၀မ်ယွီလန်ရဲ့ကံကြမ္မာဆိုးအကြောင်းကို ကလေးမလေး နောက်ဆုံးအကြိမ်ပြောကတည်းက သူသိချင်နေပေမဲ့လည်း ဒီလိုဖြစ်မယ်လို့တော့ မထင်ထားခဲ့ဘူး။

၀မ်ယွီလန်က တကယ်ကြီး တစ်ခြားလူ‌တွေမျှဝေသုံးတဲ့ဇနီး ဖြစ်လာအောင် သူ့ဒုတိယဦးလေးလင်မယားနဲ့ ဟိုမိန်းမ၀မ်ဟွေ့ဟွေ့ဆီမှာ ကြိုးကိုင်ခြယ်လှယ်ခံရမှာပဲ။ ဒါက ရိုးရှင်းစွာပင် စိတ်ကူးယဉ်ကြည့်လို့တောင်မရတဲ့အရာပင်။

၀မ်ယွီလန်သာ ချွေ့မိသားစုဆီ အပို့ခံလိုက်ရရင် ဒီလိုသေတာထက်ဆိုးတဲ့ဘ၀ကို ဘယ်လိုသည်းခံနေရမလဲဆိုတာ သူတွေးကြည့်ဖို့တောင် ခက်ခဲကြောင်း သိလိုက်ရသည်။ ၀မ်ယွီလန်ရဲ့ မျက်နှာလေးကို ကြည့်လိုက်တော့ ချွေ့မိသားစုသာ ၀မ်ယွီလန်ရဲ့မျက်နှာလေးကို မြင်လိုက်ရင် ပိုလို့တောင်လွှတ်ပေးတော့မှာမဟုတ်မှန်း ရွှီရှန့်တုန်း ပိုပို သေချာသွားတယ်။

အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်Where stories live. Discover now