Chapter 55 - မြင်မြင်ချင်းအချစ်
.
အရေးအကြီးဆုံးအချက်က ဒီမိန်းမလှလေးက လှရုံတင်လှတာမဟုတ်ဘဲ သူမရဲ့အသွင်အပြင်၊ ပုံပန်းသဏ္ဍာန်ကအစ အရာအားလုံးက သူ့ရဲ့အလှရသခံစားမှုနဲ့ ကိုက်ညီနေသလိုပင်။
ထိုအချိန် ရွှီရှန့်တုန်းမှာ ဘေးကအသံတွေ ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။ တိတ်ဆိတ်သွားသည်က သိသာလွန်းလို့ သူ့ရဲ့တစ်ချက်ပြီးတစ်ချက် ပဲ့တင်ထပ်ကာ ခုန်နေပြီး အရှိန်မြန်လာတဲ့သူ့နှလုံးခုန်သံကိုပဲ ကြားရတော့တယ်။
တစ်ချက်တစ်ချက်ခုန်လိုက်တိုင်း သူရဲ့နှလုံးသားက လည်ချောင်းကနေဖောက်ပြီး အပြင်ကိုထွက်လာတော့မလိုပင်။
အဲဒီ့အချိန်မှာပဲ မြင်မြင်ချင်းအချစ်ဆိုတာ ဘာမှန်း ရွှီရှန့်တုန်း နားလည်သွားသည်။
တကယ်က ခုနကပြောတာပြန်ပြောရမယ်ဆို ပညာတတ်လူငယ်စွန်းနဲ့တုန်းက မြင်မြင်ချင်းအချစ်ကို သူခံစားခဲ့ရဖူးပါသည်။
ဒါက သူ့ကိုယ်ပိုင်အချစ်မဟုတ်ပဲ တစ်ယောက်ယောက်က သူ့စိတ်ထဲကို အတင်းထိုးထည့်ပြီး ချစ်ခိုင်းတာမျိုးပင်။ ဒါပေမဲ့ အခုသူပြန်တွေးမိတော့ ပညာတတ်လူငယ်စွန်းက တကယ်လှတာမှန်ပေမဲ့ သူမရဲ့အသွင်အပြင်က သူစွဲလမ်းသွားရလောက်တဲ့ ပုံစံမျိုးအထိတော့ မဟုတ်ပေ။
အဲ့တာကို ဘယ်လိုဖြစ်ပြီးများ ပညာတတ်လူငယ်စွန်းကို သူမြင်မြင်ချင်း ချစ်မိသွားရတာလဲ။
သူအခုဖြစ်သွားတာကမှ မြင်မြင်ချင်းအချစ်ဆိုတာမျိုး ဖြစ်လောက်မည်။
သူ့အရှေ့ကကောင်မလေးကိုကြည့်ရင်း သူ့ခန္ဓာကိုယ်ထဲကသွေးတွေ ဆူပွက်လာတယ်လို့ ရွှီရှန့်တုန်းခံစားလိုက်ရသည်။ ရွှီရှန့်တုန်း သူမကို တချိန်လုံးစိုက်ကြည့်နေမှန်း ၀မ်ယွီလန်သိပြီးတော့ သူနဲ့ပင် သူမအကြည့်ချင်းဆုံမိခဲ့သည်။ သူမကိုယ့်မျက်နှာကိုယ်သိလို့ ဒါကသူမမျှော်လင့်ထားတဲ့အတွင်းမှာပဲ ရှိတယ်။
ရွှီရှန့်တုန်း သူမကိုစိုက်ကြည့်နေပေမဲ့လည်း သူမ စိတ်ထဲမသက်မသာ မဖြစ်မိပေ။ တခြားယောက်ျားတွေလိုမျိုး နှာဘူးအကြည့်နဲ့ သူများနေရခက်အောင် ကြည့်တာမျိုးမဟုတ်ဘဲ ရွှီရှန့်တုန်းရဲ့မျက်လုံးတွေကရှင်းလင်းစွာပင် နှစ်သက်သဘောကျ၊ ကြည်နူးနေတယ်ဆိုတာ သိနိုင်ပါသည်။
YOU ARE READING
အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်
FantasyTotal Chapters -491 ဘာသာပြန် - Dreamy Team This story is not mine. Just fun translations.
