Chapter 51 - အတူတူသွားကြခြင်း
.
ဒါပေမဲ့ မနက်ဖြန်ကျရင်ရော…
၀မ်ယွီလန် ရေပြင်မှာပေါ်နေတဲ့သူမပုံရိပ်ကို ကြည့်လိုက်ပြီး အတွေးတွေထဲမှာ လမ်းပျောက်နေခဲ့သည်။
မနက်ဖြန်ကျရင် သူမ ရွှီရှန့်တုန်းနဲ့တွေ့ရတော့မှာ၊ သူမပုံစံအမှန်ကို ဖော်ထုတ်လိုက်ရမလား။
၀မ်ယွီလန်ရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးလေးတွေ တွန့်ကွေးသွားပြီး ခံစားချက်တွေ ရောထွေးနေသည်။
အဆုံးမှာတော့ သူမခဏလောက် စောင့်လိုက်တာ ပိုကောင်းမယ်လို့ တွေးလိုက်သည်။
သူမမျက်နှာကြောင့် ရွှီရှန့်တုန်းသူမကို လက်ထပ်လိုက်မှာကို သူမ မလိုချင်ပေ။ ဖြစ်နိုင်ရင် သူမမျက်နှာကိုမမြင်ခင် သူမကိုချစ်မိသွားဖို့ မျှော်လင့်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမအ၀တ်အစားလဲဖို့ ဆုံးဖြတ်လိုက်သည်။ ပုံမှန်အားဖြင့် သူမအိမ်ကစနစ်တကျ ရှိနေတာတောင်မှ နည်းနည်းပြန်သိမ်းဆည်းလိုက်လို့ မဆိုးပါဘူးလေ။
*
တစ်ဖက်မှာတော့ ၀မ်ယွီလန် သဘောတူကြောင်းပြောလိုက်တာနဲ့ အစ်မကြီးစွန်းက ချင်းဟယ်ထုတ်လုပ်ရေးအဖွဲ့ကိုပြန်ကာ ကျန်းအိုက်လျန်ကို ၀မ်ယွီလန်သဘောတူကြောင်း သွားပြောခဲ့သည်။ မနက်ဖြန် သူတို့ကရွှီရှန့်တုန်းကို ခေါ်ပြီး သူမကိုသွားတွေ့ကြမည် ဖြစ်သည်။
[အား ငါလည်းတကယ်သွားချင်လာပြီ! ၀မ်ယွီလန်ဘယ်လိုပုံစံလည်းဆိုတာ ငါမြင်ချင်နေပြီ။]
အန်တီစွန်းရယ်၊ ကျန်းအိုက်လျန်ရယ်၊ ရွှီရှန့်တုန်းရယ် ဆွေးနွေးနေကြတော့ ရွှီကျင်းနင်လည်း ဘေးမှာရှိနေသည်။
သူမတကယ်သွားချင်ရတာက ၀မ်ယွီလန်ရဲ့ပုံစံကို တကယ်မြင်ချင်နေလို့ဖြစ်သည်။ စာအုပ်ထဲမှာ ၀မ်ယွီလန်ရဲ့ပုံစံကို အများကြီးမရေးထားပေမဲ့ စာကြောင်းနည်းနည်းလေးကပဲ သူမကရင်သပ်ရှုမောဖွယ်ကောင်းအောင် လှတယ်ဆိုတဲ့အကြောင်း အရိပ်အမြွက်ပေးထားခဲ့သည်။
၀မ်ယွီလန်ရဲ့စရိုက်ကလည်း အရမ်းကောင်းတာကြောင့် သူမက၀မ်ယွီလန်ကို သူမရဲ့ယောင်းမဖြစ်လာစေချင်မိတယ်။ ဒါပေမဲ့ ရွှီရှန့်တုန်းနဲ့၀မ်ယွီလန်တို့ တစ်ယောက်နဲ့တစ်ယောက် သဘောကျအောင် ဒီအိမ်ထောင်ရေးက တွန်းအားပေးလို့မရမှန်း သူမ သိသည်။
YOU ARE READING
အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်
FantasyTotal Chapters -491 ဘာသာပြန် - Dreamy Team This story is not mine. Just fun translations.
