Chapter 56 - ရွှီရှန့်တုန်းရဲ့ရင်နာမှု
.
ရွှီကျင်းနင်ရဲ့စိတ်ထဲကအတွေးတွေကို ရွှီရှန့်တုန်းရော ၀မ်ယွီလန်ပါ ကြားလိုက်ရသည်။ ၀မ်ယွီလန်က အစမှာစိတ်ရှုပ်သွားခဲ့သည်။
ကောင်မလေးက စကားမပြောနေဘဲနဲ့ သူမကဘာလို့ ကောင်မလေးရဲ့အသံတွေကို ကြားနေရမှန်း ၀မ်ယွီလန်နားမလည်ပေ။
အဲ့တာ သူမစိတ်ထဲက ပြောနေတဲ့စကားတွေလား?
ပြီးတော့ သူမပိုပြီး ဂရုတစိုက် နားထောင်လေလေ၊ ထိုအတွေးတွေထဲက အကြောင်းအရာက ကျောချမ်းဖို့ကောင်းလာလေပင်။ ဒီကောင်မလေးက သူမအနာဂတ်မှာ ဘာဖြစ်လာမှာလဲဆိုတာ သိနေတာများလား။
အနာဂတ်မှာ သူမဦးလေးလင်မယားက သူမကိုဆေးခပ်ပြီး ချွေ့မိသားစုရဲ့မျှသုံးရတဲ့ဘုံမိန်းမအဖြစ် ပေးစားလိုက်မှာလား? ဒါမှမဟုတ် သူမက ၀မ်ဟွေ့ဟွေ့ရဲ့လျှို့ဝှက်ကြံစည်မှုကို ခံလိုက်ရတာလား။ သူမ ကြားလိုက်တာတွေက အမှန်လား၊ အနာဂတ်မှာ တကယ်ဖြစ်လာမှာလားဆိုတာ ၀မ်ယွီလန်မသိပါဘူး။
ဒါပေမဲ့ တကယ်လို့ သူမဦးလေးလင်မယားသာ နောက်ကွယ်မှာရှိတာဆိုရင် ဒီကိစ္စကမဖြစ်နိုင်စရာ အကြောင်းမရှိပုံပင်။ ဘာပဲဖြစ်ဖြစ် ဒုတိယဦးလေးလင်မယား ဘယ်လောက်တစ်ကိုယ်ကောင်းဆန်၊ ငွေမျက်နှာပဲကြည့်တတ်ပြီး သူတို့ရဲ့တစ်ဦးတည်းသောသားလေးကို ဘယ်လောက်တောင်အလိုလိုက်တတ်လဲဆိုတာ သူမထက် ဘယ်သူမှပိုမသိနိုင်ပေ။
မဟုတ်လို့ကတော့ သူတို့က သူမကိုတင်တောင်းငွေနဲ့လဲပြီး မုဆိုးဖိုနဲ့ပေးစားဖို့ ဆုံးဖြတ်ခဲ့မှာမဟုတ်ဘူး။ ၀မ်ယွီလန်က သူမအဒေါ်ကမလျှော့သောဇွဲနဲ့ သူမကိုနောက်ထပ်တင်တောင်းငွေရဖို့ ထပ်အသုံးချဦးမယ်လို့ လုံးဝမမျှော်လင့်ထားပေ။
သူမကတကယ်ပဲ ဒီလောက်ကျိုးကြောင်းဆီလျော်မှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်တာလား?
ပြီးတော့ ၀မ်ဟွေ့ဟွေ့၊ ဒါတကယ်သူမ အကြံပေးလိုက်တာလား?
၀မ်ယွီလန်မှာ ၀မ်ဟွေ့ဟွေ့ကအမြဲတမ်း သူမအပေါ်ဘယ်ကရောက်လာမှန်းမသိတဲ့ ရန်ငြိုးတွေထားပြီး ရန်လိုမုန်တီးနေမှန်း သိထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမမှတ်မိသလောက်ဆို သူမတို့ကလေးဘ၀တည်းက ဝမ်ဟွေ့ဟွေ့နဲ့သူမကြား ပဋိပက္ခဘာညာလည်းမရှိခဲ့လို့ပါပဲ။
ESTÁS LEYENDO
အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်
FantasíaTotal Chapters -491 ဘာသာပြန် - Dreamy Team This story is not mine. Just fun translations.
