သူနဲ့၀မ်ယွီလန် အရင်ကတွေ့ခဲ့ဖူးတဲ့ အကြိမ်အနည်းငယ်အကြောင်း ပြန်စဉ်းစားမိတော့ တကယ်ကြီး သူမမျက်နှာက မဲညစ်နေပြီးတော့ ဖုံးကွယ်ထားလေသည်။
ဒါပေမဲ့ အခုတော့…
၀မ်ယွီလန်ရဲ့အခြေအနေက တကယ့်ကို ခက်ခဲပါသည်။ လွန်ခဲ့တဲ့နှစ် သူနဲ့၀မ်ယွီလန် တောအုပ်လေးထဲမှာ ဆုံခဲ့တဲ့အချိန်တုန်းက သူမကသေတော့မလို အေးခဲနေပြီးတော့ ဆာလောင်နေခဲ့တာပါ။ အဲဒီ့အချိန်တုန်းကသာ သူမရဲ့အလှကို မဖုံးကွယ်ထားခဲ့ရင် သူမ ပိုပြီးတော့တောင် ဒုက္ခရောက်မှာပင်။
အဲ့တာကြောင့် သူမကိုယ်သူမ ရုပ်ဆိုးအောင် တမင်လုပ်ပြီး အပြင်လောကကြီးက သူမရဲ့ရုပ်ရည်ကို အကျည်းတန်တယ်လို့ ပြောတာတောင်မှ သူမကဂရုမစိုက်ခဲ့ပေ။
ဘာလို့လဲဆိုတော့ တစ်ယောက်တည်းဖြစ်နေတဲ့သူအတွက် ဒီနည်းကသာကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မည်ဖြစ်သည်။
ရွှီရှန့်တုန်း သူမအတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။ ၀မ်ယွီလန် သူနဲ့လက်ထပ်ပြီးရင် သူမကိုတမင်ရုပ်ဆိုးတဲ့ပုံစံလုပ်ပြီး မနေခိုင်းတော့ဘူးဟု သူတွေးလိုက်သည်။ သူမ အ၀တ်အစားလှလှလေးတွေ ၀တ်ချင်တယ်၊ ဒါမှမဟုတ် နှင်းပွင့်ခရင်မ်လိမ်းချင်တယ် ဆိုရင်တောင် သူမဆန္ဒတွေကို သူအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပြီး သူမကို ကာကွယ်ပေးမည်။
ဟုတ်ပါတယ်၊ ရွှီရှန့်တုန်းက သူရှေ့ကကောင်မလေးက ၀မ်ယွီလန်ဆိုတာ သေချာသွားတော့ သူမနဲ့လက်တွဲဖြစ်ဖြစ် မဖြစ်ဖြစ်ဆိုတဲ့ ပေါ့တန်တန်သဘောထားကို စွန့်ပယ်လိုက်တာကြာပြီဖြစ်ပြီး သူမကိုပေါ့ပေါ့ပါးပါး အကဲလာခတ်ရုံမဟုတ်တော့ဘဲ တကယ်ကြီးသူမကို စိတ်၀င်စားသဘောကျသွားခဲ့သည်။
သူတကယ် သဘောကျသွားပြီဆိုမှတော့ အလေးအနက်ထားချင်မိတယ်။ ဒီနေ့ပဲကိစ္စတွေအတည်ပြု၊ စုံတွဲတွေဖြစ်လာပြီး စေ့စပ်ကြောင်းလမ်းကာ အကောင်းဆုံးလက်ထပ်၊ ဒီနှစ်အတွင်းအကုန်လုံးပြီးသွားရင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
[ သူက၀မ်ယွီလန်ပေါ့၊ တကယ်ကြီးလှတာပဲ။]
[ သူ့ကံကြမ္မာက တကယ်ကြီး၀မ်းနည်းစရာပဲနော် အစ်ကိုကြီး။ နင်သာ ၀မ်ယွီလန်ကိုလက်မထပ်ရင် သူ့အချိန်တွေက မကြာခင်ကုန်သွားလိမ့်မယ်။]
ရွှီရှန့်တုန်းက သူ့ညီမရဲ့စိတ်ထဲကအသံကို ကြားလိုက်တော့ ချက်ချင်းကိုသတိကပ်သွားသည်။
၀မ်ယွီလန် အသက်အန္တရာယ်ရှိတယ်လို့ သူ့ညီမပြောခဲ့ဖူးပြီးတော့ ရွှီရှန့်တုန်း ၀မ်ယွီလန်နဲ့ ကြင်ဖက်လာတွေ့ရတဲ့ကနဦးရည်ရွယ်ချက်ကလည်း သူမရဲ့၀မ်းနည်းစရာကံကြမ္မာကို ကူညီပေးနိုင်ဖို့အတွက်ပင်။
အခုတော့ ရွှီရှန့်တုန်းမှာ ၀မ်ယွီလန်အပေါ် ခံစားချက်တွေဖြစ်လာတော့ သူမကျရောက်မယ့် အန္တရာယ်ကနေကာကွယ်ပေးဖို့ ပိုပြီးတောင်အရေးကြီးသွားခပြီ။
[ သူ့ဒုတိယဦးလေးလင်မယားနဲ့ ၀မ်ဟွေ့ဟွေ့တို့က တကယ်ရက်စက်တယ်။ သူတို့တွေက ၀မ်ယွီလန်ကို တောင်ပေါ်ကချွေ့မိသားစုနဲ့ ပေးစားပြီး ချွေ့ညီအစ်ကိုသုံးယောက်လုံးရဲ့ မိန်းမလုပ်ခိုင်းဖို့ စီစဉ်နေကြတာ!]
ရွှီကျင်းနင်ရဲ့အတွေးတွေ ထွက်ပေါ်လာတော့ ရွှီရှန့်တုန်းတင်မဟုတ်ဘဲ ၀မ်ယွီလန်ပါ ကြားလိုက်ရလေသည်။
သူမရှေ့ကကောင်မလေးက စကားလည်းမပြောဘဲ သူမဘာလို့ကြားနေရတာလဲဆိုတာကို မသိသေးပေမဲ့လည်း ကလေးမလေးစကားတွေကို ကြားလိုက်ရတဲ့အခါမှာ သူမလုံး၀ ထိတ်လန့်သွားတယ်။ သူမဦးလေးက သူမကို တောင်ပေါ်ကချွေ့မိသားစုရဲ့ မျှသုံးတဲ့မိန်းမအဖြစ် ပေးစားပစ်မလို့တဲ့လား။
ရွှီကျင်းနင်က သူမရဲ့အတွေးတွေကို ဆက်သည်။
[သူတို့တွေက အစ်မယွီလန်ကို ဆေးခပ်ပြီး ချွေ့မိသားစုဆီပို့ပစ်မှာ၊ ပြီးတော့ ချွေ့မိသားစုကလည်း အစ်မယွီလန် လက်ခံခံ၊ မခံခံ ဂရုမစိုက်ဘဲ မိန်းမဖြစ်နေရင်ကိုရပြီဆိုတဲ့အမျိုးတွေလေ။]
[ အစ်မယွီလန်နိုးလာချိန်မှာ အားလုံးကပြန်ပြင်လို့မရတော့ဘူး။ ]
[ အထူးသဖြင့် ချွေ့ညီအစ်ကိုတွေက အစ်မယွီလန်ရဲ့အလှကိုတွေ့သွားတော့ ပိုပြီးတော့တောင် လွှတ်ပေးချင်စိတ်မရှိကြတော့ဘူးလေ။]
[အစ်မယွီလန် ထွက်ပြေးချင်ရင်တောင် သူတို့က အစ်မယွီလန်ကို ရိုက်နှက်ပြီးတော့ သော့ခတ်ထားကြမှာ။]
[ နောက်ဆုံးကျတော့ အစ်မယွီလန်ကအရှက်ရမှုကိုမခံနိုင်တော့လို့ တောင်စောင်းကနေခုန်ဆင်းသွားမှာ။]
[ ဒုတိယဦးလေး၀မ်မိသားစုကတော့ တင်တောင်းကြေးယွမ် ၃၀၀နဲ့ စီရင်စုမြို့ပေါ်မှာသူတိုသား စက်ရုံအလုပ်သမားဖြစ်အောင် လုပ်ပေးလိုက်တာပေါ့]
[ သူတို့သားကလူ့အသိုင်းအဝိုင်း လှေကားကိုတက်သွားကောင်းတက်သွားနိုင်ခဲ့ပေမယ့် ဒါက အစ်မယွီလန်ဘဝနဲ့ရင်းထားခဲ့တာ။]
.
BINABASA MO ANG
အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်
FantasyTotal Chapters -491 ဘာသာပြန် - Dreamy Team This story is not mine. Just fun translations.
Chapter 55
Magsimula sa umpisa
