၀မ်ယွီလန်က ရှက်ကိုးရှက်ကန်းလေး ပြောလိုက်သည်။

တကယ်ပဲ အဒေါ်စွန်းက ၀မ်ယွီလန်ကို အခုလိုပြောခဲ့တာပါ။

ဘာလို့လဲဆိုတော့ သူမ မနေ့ကတွေ့ခဲ့တဲ့ ၀မ်ယွီလန်က တကယ်ကြီး…

မျက်နှာကမဲညစ်နေပြီး မျက်နှာတစ်၀က်လောက်က ဆံပင်တွေနဲ့ဖုံးနေသည်။ ဒါကြောင့် သူမမျက်နှာကို သေသေချာချာမမြင်နိုင်ပေ။

အဒေါ်စွန်း အပြင်ဘက်မှာကြားခဲ့ရတဲ့ ကောလဟလတွေအရတော့ ၀မ်ယွီလန်က မျက်နှာကို ဆံပင်တွေနဲ့ဖုံးထားတာက အကျည်းတန်လွန်းလို့ဟု။

ဒါပေမဲ့ မမျှော်လင့်ဘဲ…

“အဒေါ်စွန်း ကျွန်မက မိဘမဲ့တစ်ယောက်ပါ။ မိဘမဲ့အနေနဲ့ မျက်နှာလှလှလေးရှိနေတာက အမြဲတမ်းကောင်းတဲ့အရာမဟုတ်ဘူး‌လေ”

၀မ်ယွီလန် ရှင်းပြလိုက်သည်။

ရှိနေတဲ့လူအားလုံးက ထိုရှင်းပြချက်ကိုကြားတော့ ပြောချင်တာကို နားလည်သွားခဲ့ကြသည်။

အဒေါ်စွန်းလည်း ရုတ်တရက်ကြီး သဘောပေါက်သွားခဲ့သည်။ လတ်စသတ်တော့… လတ်စသတ်တော့…

အစက ၀မ်ယွီလန်မှာ မျက်နှာလှလှလေးရှိပေမဲ့ သူမကတမင်ရုပ်ဆိုးအောင်လုပ်ပြီး ဖုံးထားခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် သူမပြောတာ အဓိပ္ပာယ်ရှိသည်။ ၀မ်ယွီလန်က မိဘတွေလည်း မရှိသလို မှီခိုအားထားစရာ လူမရှိသဖြင့် တကယ့်မိဘမဲ့တစ်ယောက်ပင်။

တစ်ချိန်တည်းမှာပဲ ဒီလို အံ့ဩဖို့ကောင်းတဲ့ အလှမျိုးရှိတဲ့ မိဘမဲ့တစ်ယောက်ဟာ အထူးသဖြင့် ယောက်ျား‌တွေရဲ့အာရုံကို မလိုချင်ဘဲ ဆွဲဆာင်မိနေပြီး ပြဿနာပဲဖြစ်စေလိမ့်မည်။

၀မ်ယွီလန် လုပ်တာမှန်တယ်။ သူမကပါးနပ်တာပဲ။

ကျန်းအိုက်လျန်လည်း ထိုသို့ခံစားလိုက်ရပြီး သူမနဲ့ အဒေါ်စွန်းရဲ့မျက်လုံးထဲမှာ အထင်ကြီးမှုက ထင်ရှားနေလေသည်။ ၀မ်ယွီလန်ရဲ့ စကားတွေကိုကြားတော့ ရွှီရှန့်တုန်းလည်း မနေနိုင်ဘဲ သူမရဲ့အခြေအနေကို စိတ်မကောင်းဖြစ်မိသွားတယ်။

အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်Tempat cerita menjadi hidup. Temukan sekarang