ထို့ပြင် သူမရဲ့မျက်နှာအစစ်ကိုထုတ်ပြတာကလည်း ရွှီရှန့်တုန်းသူမကို ချစ်မိသွားအောင်လုပ်ဖို့အတွက်ပင်။

အဲဒီတော့…

ရွှီရှန့်တုန်း သူမရုပ်ရည်နဲ့ပတ်သက်ပြီး ကျေနပ်ရဲ့လား။

၀မ်ယွီလန် ပျော်ရွှင်နေပြီး နည်းနည်းလည်း ရှက်နေလေတယ်။

ထိုအချိန် ဘေးကအဒေါ်စွန်းကတော့ ပထမဆုံးလှုပ်ရှားလိုက်သည်။

သူမက အမှားလုပ်မိမှာစိုးလို့ ဒါက၀မ်ယွီလန်အိမ် ဟုတ်၊ မဟုတ်ဆိုတာ နှစ်ခါတောင် စစ်ဆေးလိုက်လေတယ်။ ဒါက ၀မ်ယွီလန်ရဲ့အိမ်မှန်း အတည်ပြုပြီးသွားတော့ အဒေါ်စွန်းက မေးလိုက်သည်။

“ တဆိတ်လောက် ၀မ်ယွီလန်အိမ်မှာရှိလား မသိဘူး?”

အဒေါ်စွန်းက စိတ်ထဲမှာဝမ်ယွီလန်ဆိုတဲ့ကောင်မလေးကတော့ တစ်ခုခုတော့တစ်ခုခုပဲလို့ တွေးလိုက်သည်။ ရွှီရှန့်တုန်းအိမ်ကိုလာမှာ သိရဲ့သားနဲ့ ဘာလို့ဒီလောက်လှတဲ့မိန်းကလေးကို အိမ်မှာထား,ထားရတာလဲ။ မတော်လို့ သူတို့အချင်းချင်း သဘောကျသွားရင် ဘယ်လိုလုပ်ကြမတုန်း။

ရွှီရှန့်တုန်းရဲ့ပုံစံကိုကြည့်ရတာ လူငယ်လေးက ဒီကောင်မလေးကို သဘောကျသွားတဲ့ပုံပင်။

အင်းလေ ဘယ်သူက ဒီလိုရုပ်ရည်မျိုးကို မကြိုက်ဘဲနေနိုင်မှာလဲ။

ဒါပေမဲ့ ရွှီရှန့်တုန်းနဲ့ ၀မ်ယွီလန်တွေ့မယ့် အစီအစဉ်ကရော။

၀မ်ယွီလန်နဲ့မတွေ့ဘဲ ဒီကောင်မလေးနဲ့ပဲ တွေ့ဖြစ်သွားမှာလား။

မရဘူးလေ။

ဒါပေမဲ့ ကောင်မလေး နောက်စက္ကန့်ပိုင်းမှာ ‌ဖြေလိုက်တဲ့အဖြေက အဒေါ်စွန်းကို လုံး၀ ကြက်သေသေသွားစေခဲ့သည်။

“အဒေါ်စွန်း ကျွန်မက၀မ်ယွီလန်ပါ”

“ဘယ်လို၊ မင်းက မိန်းကလေးယွီလန် ဟုတ်လား။ မဖြစ်နိုင်တာ။”

သူမအရှေ့က မိန်းမလှလေးက၀မ်ယွီလန်တဲ့။ ဒါဆိုမနေ့ညက သူမတွေ့ခဲ့တာ ဘယ်သူကြီးလဲ?

“အဒေါ်စွန်း အဒေါ်ပဲမနေ့က ကျွန်မကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ကောင်းကောင်းမွန်မွန်လေး ၀တ်စားထားဆို”

အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်Donde viven las historias. Descúbrelo ahora