Part 7 (Unicode)

1K 66 4
                                        

" သမီး ဟော့ပေါ့ကြိုက်လား "

တိတ်ဆိတ်နေတဲ့ ကားထဲ နွေးထွေးတဲ့ လေသံလေးက တစ်ချက်ပြန်ပြီး ဖြိုခွင်းသွားပြန်သည်။

" ဟုတ်ကဲ့ ကြိုက်ပါတယ် ဒေါက်တာ "

" ဒီလိုဆို အိမ်တန်းမပြန်ကြပဲ စံရိပ်ငြိမ် ဂမုန်းပွင့်ကို သွားကြစို့။ Jo Jo ဟော့ပေါ့ သွားစားကြမယ် "

သူ့ဘက် ခဏလှည့်ကာ ခပ်အေးအေးလေး ပြုံးပြရင်းနဲ့ ပြောနေသည့်အမျိုးသမီးအား ဆူးနစ် နက်နက်နဲနဲကို ငေးစိုက်ကြည့်နေခဲ့မိပါသည်။ ဟော့ပေါ့ဆိုင်ရောက်တော့လည်း အသားတွေ အသီးအနှံတွေ မှာတာကအစ .. အိုးထဲထည့်ပြုတ်ကာ သူ့ပန်းကန်းထဲ ခပ်ထည့်ပေးတာက အဆုံး အကုန်လုံးလိုက်လုပ်ပေးနေပြန်သည်။

ဒါဟာ အိမ်မက်လား .. ၊ ဇဝေဇဝါ ထင်ယောင်ထင်မှား ဖြစ်စရာအတွေးတွေ ပေါ်ပေါ်လာပြန်သည်။ ဒီလောက်ကောင်းတဲ့လူတစ်ယောက်က ဆူးနစ်ဆိုသည့် သူ့ဘဝထဲကို တိုက်ရိုက်ကြီး ဝင်ရောက်လာတာက ထူးဆန်းလွန်းမနေဘူးလား .. ။

ကံကြမ္မာက လှည့်စားချင်နေတာလားတော့ မပြောတတ်။ သူဟာ မေတ္တာနဲ့ မထိုက်တန်တဲ့လူလိုမျိုး မေတ္တာရဖို့ကို တစ်ကြိမ်တစ်ခါမှ အခွင့်အလမ်း မရဖူးခဲ့သည့် လူသားပါ။ အဲ့လိုလူရဲ့ ရှေ့တော်မှောက်ကိုမှ ဒေါ်လရိပ်လွင်ဆိုတဲ့ လူကောင်းတစ်ယောက်ကို ရောက်စေခဲ့တဲ့ ကံကြမ္မာက ဘာတွေ ဘယ်လိုဆက်ဖြစ်စေချင်နေတာပါလိမ့် .. ။

" သမီး ထပ်ထည့်စားလေ .. သိပ်မကြိုက်လို့လား .. "

" မဟုတ်ဘူး ဒေါက်တာ။ ဆူး ဟော့ပေါ့ကြိုက်ပါတယ် .. အရင်ကလည်း ဒီဆိုင်မှာ သူငယ်ချင်းနဲ့ လာစားနေကျပါ .. အခုက ဗိုက်သိပ်မဆာသေးတာကြောင့် အများကြီး မစားနိုင်တာ "

ဒေါ်လာရိပ်လွင်ရဲ့ အမေးစကားကို ဆူးနစ် တုံ့ဆိုင်းမနေပဲ လျင်လျင်မြန်မြန် ဖြေပေးမိခဲ့သည်။

" အတူတူလာစားနေကျ သူငယ်ချင်းရှိတယ်ဆိုတော့ ကောင်းတာပေါ့။ တစ်ခါတလေ အခုလိုမျိုး အပြင်လေးဘာလေး ထွက်စားတာကလည်း စိတ်ပြေလက်ပျောက် ဖြစ်စေတယ် .. "

" ဟုတ်ကဲ့။ ဒါပေမဲ့ အခု ဖူးဖူးနဲ့ မတွေ့ဖြစ်တာလည်း ကြာနေပါပြီ။ သူလည်း သိပ်မအားတော့တာနဲ့ .. "

ဆူး Where stories live. Discover now