Part 5 (Ubicode)

1.2K 74 1
                                        

" အန် .. အန်တီက ဘယ် .. ဘယ်သူလဲရှင့် "

ဆူးနစ် နိုးလာလာချင်းတွင် အပြုံးချိုချိုလေး ကြိုဆိုပေးနေတဲ့ အမျိုးသမီး တစ်ယောက်၏ မျက်နှာကို မြင်ရ၍ အံ့အားသင့်သွားခဲ့လေသည်။

" အန်တီ လရိပ်လွင်ပါ သမီး ဆူးရဲ့ .. "

" ဟင် .. ဒေါက်တာက ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ ဆူး အိမ်မက်များ မက်နေတာများလား "

ဆူးနစ် စကားကြောင့် လရိပ်လွင် ခြေဖျားလေးထောက်ကာ အောက်မှာ ထိုင်ချလိုက်ရင်းနဲ့ ပြုံးလို့နေသည်။

" သမီးက ရက်ချိန်းပြန်မပြပဲ ရုတ်တရက်ပျောက်သွားတော့ အန်တီလည်း စိတ်ပူပြီး ဆေးခန်းကနေတစ်ဆင့် သမီးလိပ်စာကို စုံစမ်းခဲ့မိတယ်။ တိုက်ဆိုင်ချင်တော့ သမီးက အန်တီနေတဲ့ လမ်းထဲမှာပဲ တစ်လမ်းတည်း အတူတူဖြစ်နေတယ်လေ .. အဲ့ဒါကြောင့် ဒီညနေ အခြေအနေလာကြည့်တာ။ ဒီကိုရောက်တော့ ဆူးက အဖျားတွေ တအားတက်နေလို့ အန်တီ ဆေးထိုးပေးပြီး ရေပတ်ထိုင်တိုက်ပေးထားတယ် .. "

ဆူးနစ် အခုမှ သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားကို ငုံ့ကြည့်မိတော့သည်။ အဝတ်အစားက အသစ်တစ်စုံဖြစ်နေတာကြောင့် မျက်လုံးပြူးသွားသလို ရှက်သွေးဖြာသွားခဲ့ရသည်။ သူအခုမှ သေချာ ကြည့်မိတော့ အနီးကပ်မြင်တွေ့နေရတဲ့ ဒေါက်တာ့ရဲ့ မျက်နှာလေးက အတော်လေးကို လှပါသည်။ ဒေါက်တာသည် ညိုချောလေးနဲ့ကို ယဉ်ယဉ်လေးလှပါသည်။ မျက်လုံးကြည်လဲ့လဲ့၊ မျက်ခုံးသွယ်သွယ်လေးနဲ့၊ နှာတံလေးကလည်း ဖြောင့်စင်းလို့။ နှုတ်ခမ်းလေးကတော့ မထူမပါးလေးနဲ့ အတော်ကြည့်ကောင်းပါသည်။ ဆံနွယ်လေးတွေကလည်း ရှေ့မှာ ဝဲကျလို့ရယ် .. ။

ထို့ကြောင့် ဆူနစ်သည် ဒေါ်လရိပ်လွင် ဆိုသည့် ထိုအမျိုးသမီးကို မြင်မြင်ချင်းပင် နှစ်သက်သွားခဲ့မိပါတော့သည်။

" အန်တီ ဆန်ပြုတ်လေးဝယ်ထားတယ်။ အဲ့ဒါလေး အခုဝင်အောင်သောက်လိုက်ပါလား ဆူး "

ဘေးနားမှာ လာကပ်ပြောနေတဲ့ ဒေါ်လရိပ်လွင်ကို  ဆူးနစ် မျက်ဝန်းဝိုင်းစက်စက်တစ်စုံဖြင့် စိုက်ကြည့်နေခဲ့မိသည်။ ညင်သာလွန်းသော လေသံလေးတွေက သူ့ရင်ကို နွေးထွေးအောင် ပြုစားနိုင်စွမ်း ရှိနေသည်မို့ ဆူးနစ် အံ့အားသင့်နေမိသည်။

ဆူး Where stories live. Discover now