❄️Part 1❄️

11.6K 98 4
                                        

❄️When the Autumn comes again❄️
Part 1

အားလပ်ရက်တစ်ခုရဲ့ နေ့လည်ခင်းတွင် ကလေးကစားကွင်းက ပုံမှန်ထပ်ပို၍ လူများစည်ကားနေခဲ့သည်

ဒီနေ့ကပိတ်ရက်ဖြစ်တာကြောင့်လည်း ပါမည်
ကစားကွင်းတွင် လူစည်ကားလျက်ရှိပြီး မိဘများက ကလေးများကို ကစားကွင်းသို့ လိုက်ပို့ကြသည်

ကလေးများက ပျော်ရွှင်စွာနဲ့ဆော့ကစားနေကြသလို သူတို့က လက်ကမ်းစာစောင်တွေ လိုက်ဝေနေတဲ့ ကာတွန်းအရုပ် တိရစ္ဆာန်အရုပ်ကြီးများအား သဘောကျလျက်ရှိသည်

ထ်ိုထဲတွင် ပန်းရောင်ယုန်ရုပ်ကလေးက အလုပ်လုပ်ဆုံးဖြစ်သည်

ထိုယုန်ရုပ်လေးက လက်ကမ်းစာစောင်တွေသေချာဝေသလို ကလေးတွေက တခြားအရုပ်တွေကို ကြောက်ပြီး ငိုရင်လည်း လာချော့ပေးသည်

ကလေးများအားလုံးက ပန်းရောင်ယုန်ရုပ်လေးအား သဘောကျကာ ဓာတ်ပုံအတူတူ ရိုက်ကြသည်

နေ့လည်ခင်းဟာ တဖြည်းဖြည်း အချိန်ကုန်လွန်လာပြီးနောက် ယုန်ရုပ်ကလေးရဲ့ လက်ကမ်းစာစောင်ဝေတဲ့ အချိန်က ပြည့်သွားခဲ့ပြီဖြစ်သည်

ထိုယုန်ရုပ်ကလေးက အလုပ်ချိန်ပြီးတာနဲ့ တာဝန်လဲပေးရန် ကိုယ့်နေရာကိုယ်ပြန်ခဲ့သည်

"ဂန်ဟာရီ..."

ဒါက သူမရဲ့နာမည်သာလျှင်ဖြစ်သည်

ဟာရီသူမရဲ့ ယုန်ရုပ်ခေါင်းစွပ်အား ချွတ်လိုက်တာနဲ့  အပူဒဏ်ကြောင့်ချွေးစေးများပြန်နေတဲ့ သူမမျက်နှာလေးက ပေါ်လာသည်

သူမက နွမ်းနယ်နေပေမဲ့ အလုပ်ကြိုးစားလိုစိတ်ရှိသည်

ဒီနေ့ဆိုရင် သူမရဲ့ လစာထုတ်ရက်ဖြစ်တာကြောင့် တက်ကြွနေခဲ့သည်

"ဂန်ဟာရီ နင့်ကို မန်နေဂျာက ခေါ်နေတယ် အမြန်လာခဲ့ပါတဲ့..."

ဟာရီ သူမအား လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အသိပေးလာတာကြောင့် အမြန်အဝတ်လဲကာ မန်နေဂျာဆီသွားရန်ပြင်လိုက်သည်

အပြင်ဘက်မှာ ပူနေသလောက် ဟာရီ မန်နေဂျာရဲ့ရုံးခန်းထဲ ခြေချမိတာနဲ့ အေးမြသွားရသည်

❄️When The Autumn Comes Again ❄️✅Completed ✅Historias para obsesionarse. Descúbrelo ahora