"ပြောသံကြားတာ ဒဏ်ရာရလာတဲ့နေ့က ရှောင်ကျွော် ဝတ်ထားတဲ့ ဝတ်စားဆင်ယင်ပုံက ထူးဆန်းတယ်ဆို အဲ့ဒီ့ပစ္စည်းတွေ မင်းတစ်ချက်လောက် ယူလာပေးလို့ရမလား"

"ဟုတ်ကဲ့ လူကြီးမင်း ခဏလောက်ပဲစောင့်ပေးပါ"

"ဟုတ်ပြီ"

လီလွင်သည် ကျွော်ယိချန်အား ဆေးဝင်အောင်‌တိုက်ပြီးနောက်တော့ အစေခံမိန်းကလေးသည်လည်း အဝတ်အစားတစ်ချို့နဲ့ အသုံးအဆောင်ပစ္စည်းတစ်ချို့အားထုတ်ယူလာပြီး

"လူကြီးမင်း ဒီမှာပါ ဒါတွေက ကျွော်သခင်လေး ဝတ်လေ့ရှိတဲ့ပုံစံမျိုးတွေတော့မဟုတ်ဘူး ဒါမဲ့ ကျွော်သခင်ကြီးပြောတာတော့ ရန်သူက ကျွော်သခင်လေးကို တခြားလူတွေမမှတ်မိအောင် ရုပ်ဖျတ်ပြီးခေါ်သွားချင်လို့ ဒီလို လဲပေးခဲ့တာဖြစ်နိုင်တယ်တဲ့"

"ဟုတ်ပြီ ကျေးဇူးပဲ မင်းသွားလို့ရပြီ"

ထိုအစေခံလေးထွက်သွားပြီးနောက်တော့ လီလွင်သည် ထိုအဝတ်အစားတို့ကြည့်လိုက်ပြီး

ရှောင်ကျွော်သူနဲ့အတူရှိနေတုန်းက ဝတ်ထားတာ ဒီဝတ်စုံမဟုတ်ပေ။ နဖူးစည်းကလည်း ဒီလိုပုံစံမျိုးရှောင်ကျွော်တပ်တာ တစ်ခါမှမတွေ့ခဲ့ဖူးပါချေ။

ဓားတိုနဲ့ လက်နက်ပစ္စည်းတို့အားကြည့်လို့
မျက်မှောင်ပြုတ်မိရင်း

"တကယ်ကို ထူးဆန်းသွားပြီ"

‌လီလွင်သည် ထိုပစ္စည်းတို့အား ကျွော်ယိရွှမ်းဆီယူသွားလိုက်ပြီး

"ခေါင်းဆောင် တစ်ခုခုတော့မူမမှန်ဘူး"

"ဘာဖြစ်တာလဲ"

လီလွင်သည် သူ့လက်ထဲကပစ္စည်းတို့အား ခုံပေါ်တင်လို့ဖြန့်ပြလိုက်ပြီး

"ခေါင်းဆောင် ခင်ဗျားကြည့် တကယ်လို့ ရန်သူက ရှောင်ကျွော်ကို ကျွန်တော်တို့မမှတ်မိအောင် ရုပ်ဖျတ်ပေးထားတာဆိုရင် ဒီလက်နက်တွေက ဘာအတွက်လဲ ရှောင်ကျွော်က ဒီလိုအရာတွေမသုံးဘူး"

ကျွော်ယိရွှမ်းသည် ထိုလက်နက်‌အသေးစားလေးတွေကို ကိုင်ကြည့်လိုက်ပြီးနောက်တော့

2 DIFFERENT Where stories live. Discover now