❤️‍🔥❤️‍🔥❤️‍🔥

ဒေါ်လရိပ်လွင် အိမ်ကို ပြန်ရောက်လာတော့ ဆူးနစ်လည်း အိပ်ခန်းထဲက အိပ်ယာလေးကို သေသေချာချာလေး သပ်သပ်ရပ်ရပ်ဖြစ်အောင်လို့ ပြင်ဆင်ထားပြီးပါပြီ။ အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို အသစ်တစ်စုံလဲ ထားမိခဲ့၏။ ဒါကို ဒေါ်လရိပ်လွင်က မြင်တော့

" အပင်ပန်းခံပြီး ဘာလို့လုပ်နေသလဲကွယ်။ စောစောနက အတိုင်းလည်း အိပ်ဖို့အတွက် အဆင်ပြေပါတယ်။ အခုမှ သပ်သာခါစ ရှိသေးတဲ့ဟာကို .. လျှောက်လုပ်နေတော့ မောနေတော့မှာပေါ့ .. "

" မမောပါဘူး ဒေါက်တာ။ အိပ်ယာခင်းက မလဲရတာကြာပြီမို့ အနံ့အသက် သိပ်မကောင်းမှာ စိုးရိမ်လို့ပါ။ ဒါနဲ့ ဒေါက်တာ့ အဘိုးက အိမ်မှာတစ်ယောက်တည်း အိပ်ဖို့ အဆင်ပြေပါ့မလား "

" ရပါတယ် .. ဒီညတော့ ရင်မကြပ်ဘူး။ အခြေအနေလေး ကောင်းနေတယ်ရယ် .. အန်တီ့အဘိုးက Asthma (ပန်းနာရင်ကြပ်) ရှိတယ်လေ "

" ဪ ဟုတ်လား။ ဒါဆို အတော်ဂရုစိုက်မှ ရမယ် .. "

" အင်း ဟုတ်တယ်။ အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးနေရတာ .. "

ပြောနေရင်း ခုတင်ဘေးမှ ရပ်နေတဲ့ သူ့အနားကို ကပ်လာပြီး နဖူးကို လာစမ်းသည်။ ပြီးတော့ လှပစွာ ပြုံးနေ၏။

" ကိုယ်ငွေ့တောင် သိပ်မရှိတော့ပါဘူး။ ခဏနေရင် ဆေးလေးတစ်ခွက် ထပ်သောက်ပြီး အိပ်တော့နော် ဆူး .. "

ဘဝမှာ ဒီလိုနွေးထွေးကြင်နာမှုမျိုးကို မိခင်ဆီမှလွဲ၍ တခြားလူတစ်ယောက်ထံကနေ ဆူးနစ် တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးပါ။ ဒါဟာ ပထမဦးဆုံးပင်။ ထို့ကြောင့် အေးစက်နေတဲ့ သူ့နှလုံးသားလေးကလည်း အနည်းငယ် နွေးထွေးသယောင်ရှိလာပါသည်။

ဒေါ်လရိပ်လွင်သည် အခန်းထဲမှာရှိနေသည့် စာအုပ်စင်ကြီးကို မျက်စိကျနေဟန်တူပါသည်။ ထိုစာအုပ်စင်ရှေ့ကနေ မခွါတော့။

" ဆူးလည်း စာဖတ်ရတာ ဝါသနာပါပုံပဲ .. "

ဒေါ်လရိပ်လွင် မေးသည့်အချိန်၌ ဆူးနစ်သည် စာကြည့်စားပွဲရှေ့က ကုလားထိုင်တွင် ဘေးတစောင်းလေး ဝင်ထိုင်လိုက်ရင်း

ဆူး Where stories live. Discover now