" ဟုတ်ကဲ့ ဒေါက်တာ .. "

လက်လေးထောက်ပြီး ဆိုဖာခုံပေါ် ထထိုင်ဖို့ဟန်ပြင်တော့ ဘေးက ဒေါ်လရိပ်လွင်က သူ့လက်မောင်းကို ဖွဖွလေးကိုင်ဆွဲထူပေး၏။

" ဆန်ပြုတ်က ခပ်နွေးနွေးလေးပဲ ရှိတော့တာပါ။ ဖြည်းဖြည်းချင်းပဲသောက်နော် သမီး .. "

" ဟုတ်ကဲ့ .. "

ဆန်ပြုတ်ထည့်ထားတဲ့ ကြွေပန်းကန်လုံးလေးကို ကိုင်ထားရင်း ဘေးတစောင်းလှည့်ကြည့်မိလိုက်တော့ ဒေါ်လရိပ်လွင်က အပြုံးလှလှလေးနဲ့ သူ့ကို ကြည့်နေ၏။ ပါးမှာလည်း ပါးချိုင့်လေးက ခွက်ဝင်လို့ .. ။

" သမီးတစ်ယောက်တည်းနေတာဆိုတော့ နောက်နေ့တွေကျရင်လေ အိမ်တံခါးကို သော့လေးသေချာခတ်ထား သိလား။ အခုလို သော့မခတ်ထားတာက အန္တရာယ်များတယ် ဆူးရဲ့ .. "

" ဟုတ် ခတ်ထားလိုက်ပါ့မယ် "

ဘာလို့မှန်း မသိ၊ ဒေါ်လရိပ်လွင် ပြောသမျှစကားတွေကို သူတစ်ခွန်းမကျန် နာခံချင်နေသည်။

" ဒီည ဆူးတစ်ယောက်တည်း အိပ်လို့ ဖြစ်မယ် မထင်ဘူး။ အန်တီ အဖော်လာစောင့်အိပ်ပေးမယ် .. ခဏနေရင် အိမ်ကို ပြန်ပြီး အဘိုးကိုဒီမှာ ညအိပ်စောင့်ပေးမဲ့အကြောင်း ပြန်သွားပြောလိုက်ဦးမယ် .. "

" ဒေါက်တာက အဘိုးနဲ့ အတူတူနေတာလား .. "

ဆန်ပြုတ်ကို အသာလေးတစ်ဇွန်းခပ်သောက်ရင်းနဲ့ ဆူနစ် ပထမဦးဆုံး မေးခွန်းလေးတစ်ခုကို မေးမြန်းဖြစ်ခဲ့သည်။ ထိုအခါ ဒေါ်လရိပ်လွင်ကလည်း ခပ်ပြုံးပြုံးလေးရယ်သာ ပြန်ဖြေပေးပါသည်။

" ဟုတ်တယ် ဆူး။ အန်တီတို့က မြေးအဘိုး နှစ်ယောက်တည်းပဲ နေကြတာ။ အန်တီ့အဖေနဲ့ အမေက ကွယ်လွန်သွားကြတာ ကြာပြီလေ .. "

" ဪ ဟုတ်ကဲ့ .. "

ဧည့်ခန်းထဲ၌ ဇွန်းဖြင့် ဆန်ပြုတ်ခပ်သောက်နေသံကလွဲလို့ တခြား ဘာအသံမှ ထွက်မပေါ်ခဲ့ပြန်။ ပကတိ တိတ်ဆိတ်ငြိမ်သက်စွာပင်။ သို့ပေမဲ့ အခါအခွင့်ကြုံတိုင်းတော့ ဒေါ်လရိပ်လွင်၏ မျက်နှာလေးကို ဆူးနစ် ခိုးခိုးကြည့်နေမိပါသည်။ ခန္ဓာကိုယ်က ဆူးနစ်လိုမျိုး အရမ်းကြီး မပိန်မပါး။ အမျိုးသမီးတစ်ယောက်မှာ ရှိသင့်တဲ့ Body structure မျိုးကို ပိုင်ဆိုင်ထားသောသူတစ်ယောက်ပင်။ ခဲပုတ်ရောင် ပါတိတ်ထဘီလေးတဲ့ ဘလောက်စ်အင်္ကျီ နက်ပြာလေးအား ဝတ်ဆင်ထား၏။

ဆူး Where stories live. Discover now