(12.3) Some Rules are made to be Broken

1.9K 109 49
                                        

နျဲ့ညီအစ်ကိုနှစ်ယောက်နှင့် ဆွေးနွေးနေစဉ် ဝမ်ရိပေါ် ဖုန်းမြည်လာသည်။ သူ အသံခပ်ပြတ်ပြတ်နှင့်

"ဘာလဲ"

"Sir။ အစည်းအဝေးကို အနှောင့်အယှက်ပေးမိတာ ဝမ်းနည်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ပြောထားတာ  ကျန်းအိမ်ကမောင်နှမနှစ်ယောက်လာရင် ချက်ချင်းအကြောင်းကြားပါဆိုလို့။ သူတို့ပြန်လာကြပြန်ပြီ။ ကျန်းချန်က Lord Leoနဲ့ သူတို့နှစ်ယောက်လုံး သိတဲ့ 'နှစ်ဖက်မိတ်ဆွေ' နဲ့ ချက်ချင်းတွေ့ချင်တယ်လို့ ပြောနေလို့"

"ထွက်သွားခိုင်းလိုက်။ သူတို့မှာ သူ့ကိုတွေ့ခွင့်မရှိဘူး"

ဝမ်ရိပေါ်ပြောရင်း ကျန့်ကိုဖျတ်ကနဲ ကြည့်လိုက်မိသည်။ အဲဒါ သူ့အမှား။

လူအများစုက ဝမ်ရိပေါ်ဘာတွေးနေလဲ မသိကြ။ သူ့အစ်ကိုတစ်ယောက်သာ သူ့မျက်နှာကို ဖတ်နိုင်သည်။ ဒါလည်း ဝမ်ရိပေါ်အောင်မြင်နေရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ သူတို့ရင်ဘတ်ထဲ စိုက်ဝင်နေမှ ဝမ်ရိပေါ်မှာ ဓားပါမှန်း သိကြတော့တာ။

ဒါပေမဲ့ ကျန့်ကတော့ အချိန်တိုအတွင်း သူ့ကိုအကဲခတ်နိုင်သည်။

"တို့ကို တွေ့ချင်တာ ဘယ်သူလဲ"

သူ့ကိုတွေ့ချင်သည့်လူက များများစားစားမရှိ။ အခန်းထဲကလူတွေကို ဖယ်လိုက်ရင် နှစ်ယောက်သာ ရှိသည်။ ကျန့်ကလည်း လျင်သည်။

"ဝမ်ရိပေါ်။ တို့ကိုတွေ့ချင်တာ ကျန်းယန်လီလား ကျန်းချန်လား"

ဝမ်ရိပေါ် အံကြိတ်ပြီး ခေါင်းဆတ်ပြသည်။

"နှစ်ယောက်လုံးလား"

နောက်တစ်ချက် ခေါင်းငြိမ့်သည်။ ကျန့်အမူအယာက ခပ်တည်တည်ဖြစ်သွားသည်။ သူနှင့်ကျန်းချန်ကြား ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျန့်ကမပြောပြ။ သို့ပေမဲ့ ကျန့်မပြောပြတာတွေရယ် ကျန်းယန်လီပြောပြတာတွေရယ်ကို ပေါင်းစပ်တွေးကြည့်လိုက်လျှင် အဲဒီ Beta ကောင်ကို ဝမ်ရိပေါ် သိပ်ကြည့်မရချင်။ အဲဒီကောင် အသက်ရှင်နေသေးတာက သူသေသွားရင် ကျန့်စိတ်မကောင်းဖြစ်မှာစိုးလို့ပဲ။

ဒါပေမဲ့ ကျန့်ဘဝထဲမှာ အဲဒီကောင်ကို ရှိမနေစေချင်ဘူး။

"တို့ သူတို့နဲ့သွားတွေ့မယ်"

Rule Number One :  Never Get Attached Where stories live. Discover now