ဝမ်ရိပေါ် နိုးနေကျအချိန်မှာ ဖျတ်ကနဲ မျက်လုံးပွင့်လာသည်။ သူ့အရာကတော့ ထောင်မတ်လျက်။ Sean နှင့်တွေ့ပြီးကတည်းက ဒီလိုအမြဲဖြစ်တယ်။ သူ့ခန္ဓာကိုယ်က ပုံမှန်ရနေကျ pheromones တွေကို မယူဖြစ်တော့လို့ပဲလားမသိ။ အေးဆေးငြိမ်သက်သည်ဟုမရှိပဲ အမြဲဂဏှာမငြိမ်ဖြစ်နေသည်။ ညဆိုလည်း တော်တော်နှင့်အိပ်မပျော်။ သူ့စိတ်က Sean ကိုစုံစမ်းရင်း ရခဲ့သည့်အချက်အလက်တွေနှင့် စုံစမ်းလို့ မရခဲ့သည့် အချိန်တွေကိုပဲ အပြန်ပြန်အလှန်လှန်တွေးနေမိသည်။
ရီလင်းသခင်ဆိုတာ သိပြီးပြီးချင်းပဲ သူစိတ်မရှည်ဘဲ အရမ်းဖိအားပေးလိုက်လို့ တခုတည်းသော ဆက်သွယ်ရနိုင်တဲ့ နည်းလမ်းက ပြတ်သွားပြီ။သူ သက်ပြင်းချမိသည်။ သူ့ထောင်မတ်နေသော အရာကို ခါတိုင်းနေ့တွေလိုပဲ လျစ်လျူရှုလိုက်သည်။ သူ့ဟာသူ မဖြေေလျှာ့ဘူးလို့ ဝမ်ရိပေါ် တင်းခံထားသည်။ Seanကြောင့်ဖြစ်တဲ့ဟာကို Seanပဲ တာဝန်ယူရမယ်။
ဒီလို မနက်ကတည်းက ပင်ပန်းနေတာမျိုး ဝမ်ရိပေါ်မဖြစ်ဖူး။ ဒါပေမဲ့ သူက သူ့အလိုမကျလို့ အနားယူမည့်သူမျိုးမဟုတ်။
သူ တစ်နာရီလောက် ယောဂကျင့်မည်။ ပြီးလျှင် သူ့ရုံးခန်းထဲမှာ ကျန်းအိမ်နှင့် ပတ်သက်သမျှ အချက်အလက်အားလုံးကို မြေလှန်ရှာမည်။
***
"ရိပေါ်။ နှစ်ယောက်တည်း စကားပြောလို့ ရမလား"
နံနက်စာစားပြီးနောက် ဝမ်ဟိုက်ခွမ်းက ဝမ်ရိပေါ်ရုံးခန်းထဲဝင်လာပြီး မေးသည်။ ဝင်လာပြီးသည်နှင့် သူက တံခါးကိုပြန်ပိတ်လိုက်သည်။
ဝမ်ရိပေါ် သူ့ရှေ့မှ ရီလင်းကို လွှတ်လိုက်သောလူ ပို့လာသည့် စာရွက်စာတမ်းများကို သံယောဇဉ်မပြတ်စွာကြည့်ရင်း ဘေးဖယ်ထားလိုက်သည်။
"ပြောလေ ကော"
လူအများရှေ့မှာတော့ ဝမ်ရိပေါ် သူ့အစ်ကိုကို ဟိုက်ခွမ်းဟုပဲ သုံးနှုန်းသော်လည်း မိသားစုေတွပဲဆိုရင်တော့ ငယ်ငယ်ကခေါ်နေကျအတိုင်း ခေါ်ဖြစ်သည်။
"စူးရှဲ့သေတဲ့ကိစ္စကို မင်းစုံစမ်းနေတာ ကောသိတယ်။ တခြားအိမ်တော်တွေက ရီလင်းသခင်ကို စုံစမ်းတဲ့ကိစ္စမှာ သူတို့နဲ့ မပူးပေါင်းလို့ ဝေဖန်နေကြပြီ။ သူက ကောတို့အားလုံးအတွက် အန္တရာယ်ပဲ။ အားလုံးပူးပေါင်းနှိမ်နင်းတာ ကောင်းမယ်ထင်တယ်။ အိမ်တော်တွေကြားလည်း ယုံကြည်မှုတည်ဆောက်နိုင်တာပေါ့"
ВЫ ЧИТАЕТЕ
Rule Number One : Never Get Attached
Фанфикшнစည်းမျဉ်း နံပတ်တစ် : မချစ်မိစေရ ဝမ်အိမ်တော်တွင် တဟုန်ထိုး နာမည်ကျော်ကြားလာသူ Alpha ဝမ်ရိပေါ်။ နာမည်ကျော်သည့်အထဲမှာ သူ၏ အေးတိေအးစက်နိုင်မှုနှင့် ချဉ်းကပ်ရခက်ခဲမှုက တပါတည်း။ ဝမ်ရိပေါ် ရာဇဝင်မှာ အမှားအယွင်းဆိုတာ မရှိသလို အမှားပြုလုပ်သူကို ခွင့်လွှတ်ပ...
