Wang Yibo Point of view
သူ့ အစီအစဉ်တွေမှာ အနှောင့်အယှက်ဖြစ်တာမျိုးကို ဝမ်ရိပေါ်မုန်းသည်။ သူ့ဘဝထဲက လူသားတွေအပါအဝင် အရာရာက သူ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရမည်။ ကူးစူးမြို့ ဝမ်အိမ်တော်မှာ ဖြစ်ပျက်သမျှ သူ့မျက်စိအောက်က မလွတ်။ အပြင်လူတွေကြားမှာလည်း သူ၏ သွေးအေး ရက်စက်မှုက နာမည်ကြီးပြီးသားမို့ သူ့ကိုရော သူ့အိမ်တော်ကိုရော မည်သူမျှ လာမရှုပ်ရဲ။
သို့သော်လည်း ယနေ့ သူ့ကလပ်ရှေ့မှာ ကျည်ကာမှန်တွေ အပြည့်တပ်ထားသော ကားနက်ကြီး ထိုးရပ်လိုက်ချိန်က သတ်မှတ်ထားသည့်ရက်ထက် နှစ်ရက်စောနေသည်။ သို့ငြား စိတ်အလိုမကျမှုတို့က ဝမ်ရိပေါ်မျက်နှာမှာ တစွန်းတစမျှ မမြင်ရ။ ကူးစူးကို ပြန်လာရမည်မို့ အမြန်ပြန်လဲလာခဲ့သော အဖြူရောင်suit နှင့် အဖြူရောင် ပိုးသားရှပ်အင်္ကျီကလည်း တွန့်ခြင်းကြေခြင်း အလျဉ်းမရှိ။ သူငယ်ငယ်လေးကတည်းက စိတ်ခံစားချက်ဆိုတာ ရန်သူနှင့် နောက်ကျော ဓားနှင့်ထိုးမည့် မိတ်ဆွေတွေအတွက် အသုံးချစရာ ဖြစ်သွားမည်ဟု သင်ယူခဲ့ရသည်။ သူ့မျက်နှာရိပ် မျက်နှာကဲကို ခတ်တတ်သူဆိုလို့ သူ့ဦးလေးနှင့် သူ့အစ်ကိုသာ ရှိသည်။
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
သူ ယုံကြည်ရသူဆိုလို့လည်း သူ့ဦးလေးနှင့် သူ့အစ်ကိုသာ ရှိသည်။
သူ့ Driverက Club ၏ အနောက်ဘက် အပေါက်မှာ ကားကို ရပ်လိုက်သည်။ အနောက်ဘက်အပေါက်ကို ရောက်ဖို့ လက်နက်ကိုင် လူအများကြီးကို ဖြတ်ပြီးမှ ရောက်နိုင်သည်။ ခုချိန် သူပြန်ရောက်လာကြောင်း ပေါ်ပေါ်ထင်ထင် မဖြစ်စေချင်သေး။
သူ နျဲ့အိမ်တော်ခေါင်းဆောင် နျဲ့မင်းကြွယ်နှင့် တွေ့ခဲ့တာ ဖြစ်သည်။ ပုံမှန်တော့ နျဲ့မင်းကြွယ်နှင့် တွေ့ရမည့် အလုပ်က သူ့အစ်ကို တာဝန်။ သို့ပေမယ့် အစ်ကိုက အခုတလော ကျင်းအိမ်မှ လူနှင့် အဖွဲ့ကျနေသည်။ ကျင်းအိမ်က ဝမ်ဟိုက်ခွမ်းကို ကပ်ပေါင်းနေပြီး ဝမ်အိမ်ဆီမှ မျက်နှာသာပေးခံရဖို့ မျှော်လင့်နေကြသည်။ ဝမ်အိမ်၏ အကြီးအကဲက ဝမ်ရိပေါ်မှန်း မသိကြ။ ဝမ်အိမ်တော် ထိပ်ပိုင်း ခေါင်းဆောင် ငါးယောက်မှလွဲလျှင် ဝမ်အိမ်ကို တကယ်အုပ်ချုပ်နေတာ ဘယ်သူမှန်း တယောက်မှ မသိကြတာပါ။ အများစုဆို ဝမ်ရိပေါ်အဖေ သေသွားပြီမှန်းတောင် မသိ။
KAMU SEDANG MEMBACA
Rule Number One : Never Get Attached
Fiksi Penggemarစည်းမျဉ်း နံပတ်တစ် : မချစ်မိစေရ ဝမ်အိမ်တော်တွင် တဟုန်ထိုး နာမည်ကျော်ကြားလာသူ Alpha ဝမ်ရိပေါ်။ နာမည်ကျော်သည့်အထဲမှာ သူ၏ အေးတိေအးစက်နိုင်မှုနှင့် ချဉ်းကပ်ရခက်ခဲမှုက တပါတည်း။ ဝမ်ရိပေါ် ရာဇဝင်မှာ အမှားအယွင်းဆိုတာ မရှိသလို အမှားပြုလုပ်သူကို ခွင့်လွှတ်ပ...
