ဒါ အကွက်ရွှေ့လိုက်တာပဲ။ ရီလင်းသခင်က တကယ်ပဲ ရှောင်းကျန့်ဆိုရင် ဒီနာမည်ကို သူမမှတ်မိမှာပဲ။ ရှောင်းကျန့်က သာမန်မိဘမဲ့ကလေးဆိုရင် မှတ်မိမှာမဟုတ်ဘူး။ ပြူးကျယ်သွားသော ကျန်းယန်လီမျက်လုံးများက သူမှန်းတာ မှန်ကြောင်း ဖော်ပြနေသည်။
"ရှောင်းကျန့်က ကျွန်မမောင်လေးလိုပါပဲ။ သူကျွန်မအသက်ကိုရော၊ ကျွန်မမောင်လေး အသက်ကိုရော ကယ်ခဲ့တာ။ ဒါပေမဲ့ အားချန်က အားကျန့်နဲ့ ပတ်သက်လာရင် စိတ်ဆိုးနေတုန်းပဲ။ သူက ရီလင်း__"
ကျန်းယန်လီက ပြောရင်းတန်းလန်းရပ်သွားသည်။ ဝမ်ရိပေါ်က မျက်ခုံးပင့်ရင်း
" ရှောင်းကျန့်က ရီလင်းသခင်မှန်း ကျွန်တော်သိပြီးသားပါ"
ကျန်းယန်လီက အံ့ဩသွားဟန်။
"ဟုတ်လား။ အားကျန့်က အရင်က ဘယ်Alphaကိုမှ စိတ်မဝင်စားတာကို။ အင်းပါ။ သူက ဒီအကြောင်းတွေကိုတောင် ရှင့်ကိုပြောပြရလောက်အောင် ရင်းနှီးတယ်ဆိုတော့ သူဘာ်လောက် တဇွတ်ထိုးဆန်မှန်း ရှင်သိမှာပါ။ ကျင်းအိမ်က ကျွန်မကို ရှင်တို့လူက လုပ်ကြံတဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးနေတယ်တဲ့။ အားကျန့်က ကျွန်မကို အမြဲကာကွယ်ပေးတာ။ သူ အဲဒီလူကိုသတ်လိုက်ပြီ။ ဒါပေမဲ့ ကျွန်မကိုဘာလို့ လုပ်ကြံခိုင်းမှန်း သူမသိဘူး။ သူ အားချန်နဲ့ လှမ်းဆက်သွယ်ပေမဲ့ အားချန်က သူ့ကိုကောင်းကောင်း မဆက်ဆံလိုက်ဘူး။ ကျွန်မလည်း အားကျန့်နဲ့ ဘယ်လိုဆက်သွယ်ရမယ်မှန်း မသိဘူး။ ရှင်များ သိမလားလို့"
ကျန့် အရင်က ဘယ်Alpha ကိုမှ စိတ်မဝင်စားတာသိရတော့ ဝမ်ရိပေါ်ရင်ထဲ ကျေနပ်မှုက တိုင်းတာ၍မရ။ ကျန့်က သူ့အပိုင်ပဲ။
သူမ၏ ကျန်စကားများကို ဝမ်ရိပေါ်စဉ်းစားကြည့်သည်။ တကယ်လို့ သူမသာ ကျန့်နှင့်အဆက်အသွယ်ရသွားလျှင် ကျန့်က ကျန်းအိမ်ဆီ ပြန်သစ္စာခံသွားနိုင်သည်။ ကျန့် သူများအပိုင် ဖြစ်နေမှာကို ဝမ်ရိပေါ် မလိုလား။
"သူက ကျန်းအိမ်ရဲ့ ညာလက်ရုံးအဟောင်း မဟုတ်လား။ ဘယ်လိုလုပ် မင်းတို့နဲ့ အဆက်အသွယ် မရှိရတာလဲ"
STAI LEGGENDO
Rule Number One : Never Get Attached
Fanfictionစည်းမျဉ်း နံပတ်တစ် : မချစ်မိစေရ ဝမ်အိမ်တော်တွင် တဟုန်ထိုး နာမည်ကျော်ကြားလာသူ Alpha ဝမ်ရိပေါ်။ နာမည်ကျော်သည့်အထဲမှာ သူ၏ အေးတိေအးစက်နိုင်မှုနှင့် ချဉ်းကပ်ရခက်ခဲမှုက တပါတည်း။ ဝမ်ရိပေါ် ရာဇဝင်မှာ အမှားအယွင်းဆိုတာ မရှိသလို အမှားပြုလုပ်သူကို ခွင့်လွှတ်ပ...
