ဝမ်ရိပေါ် ဖုန်းကိုင်ထားသော လက်တို့ကို ဆုပ်လိုက်မိသည်။ အားပြင်းလွန်းလို့ screen တောင် ကွဲတော့မလို့။ Sean က မီးနဲ့ ကစားနေတာပဲ။ ကစားရင် ဘယ်လို ဖြစ်တတ်လည်းဆိုတာ သင်ပေးဦးမှပါ။
ဒီ Omega လေး ဘာလုပ်ချင်နေတာလဲ သူပြန်စဉ်းစားကြည့်သည်။ သူ့ဆီဝင်လာတဲ့ message က website က လာတာမဟုတ်ဘူးဆိုတာ သေချာတယ်။ သူအရင်က တခါမှ မရဖူးသလို သူက သူ့ personal အချက်အလက်တွေကို ဘယ်သူ့ကိုမှ မပေးဖူး။
တနည်းနည်းနဲ့ Sean ဒီကလပ်မှာ ရှိနေတုန်း။သူ့ phone number ကို ရသွားတာပဲ။ ဒီကိစ္စက အတော်အန္တရာယ်များပြီး အရေးကြီးတဲ့ ကိစ္စပေမယ့် လောလောဆယ် ဝမ်ရိပေါ် ခေါင်းထဲ ရှိနေသည်က Seanက ဝမ်ရိပေါ်ကို သူ့profileကို မြင်စေချင်တာပဲလို့။ ဝမ်ရိပေါ်ကို ဆက်သွယ်ဖို့ နည်းလမ်း ချန်ထားပေးခဲ့တာ။ ပြီးတော့အခုထိ ဘယ်Alphaကိုမှ reply မပြန်သေးဘူး။
ဝမ်ရိပေါ်ဆိုတာ ဘာလုပ်လုပ် သေချာစဉ်းစားပြီးမှ လှုပ်ရှားတတ်တဲ့သူ။ သူ့မှာ ဆုံးဖြတ်ပြီးရင်လည်း နောင်တရတယ်လို့ မရှိ။ အခုတော့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် Sean ကို မfuck ပဲ အဲ့အခန်းထဲက ထွက်ခဲ့တာကို နောင်တရနေသည်။ ဒါမှမဟုတ် သူ့အိပ်ခန်းထဲ ဆွဲခေါ်ခဲ့ရမှာ။
ဒီတခါတော့ ဒီလိုအမှားမျိုး ထပ်ဖြစ်စရာ အကြောင်းမရှိဘူး။
သူအခုပဲ message ပို့ထားလိုက်ချင်သည်။ ဒါပေမယ့် Sean ကလည်း သူ့messageကို မျှော်နေတာနေမယ်။ သူ့ဘက်က အရမ်းဖြစ်နေတယ်လို့ ထင်သွားမှာ။ နေဦး.. မနက်ဖြန်မှ ပို့မယ်။
ဒီကစားပွဲက တဖက်သတ်မဟုတ်ဘူးဆိုတာ Sean သိစေရမယ်။
***
နောက်နေ့မနက်ကျ လုံခြုံရေး ခေါင်းဆောင်ကို message ပို့တဲ့သူကို ဘယ်လိုခြေရာခံရမလဲ မေးကြည့်သည်။ ဖုန်းနံပတ်ကတော့ သေချာပေါက် နာမည်ပေါက် sim card မဟုတ်ဘူးပေါ့။ ဘယ်လိုမှ မရနိုင်ဘူးလို့ ပြောတော့လည်း ထူးပြီး မအံ့ဩမိတော့ပါ။ မျှော်လင့်ထားပြီးသားပဲ။
ဝမ်အိမ်က Cyber crime နှင့် မနီးစပ်။ ဝမ်ရိပေါ် အရင်က ဒါကို လိုအပ်သည်လို့ မထင်။ အခုတော့ ပြန်စဉ်းစားရတော့မည်။ ကာကွယ်ဖို့ အတွက်ပဲဖြစ်ဖြစ် Hackerတွေ ခန့်ရမည်။ ခက်တာက လမ်းဘေးဆိုင် စားပွဲထိုးခေါ်သလို လွယ်လွယ်ခေါ်လို့ မရတာပဲ။
BẠN ĐANG ĐỌC
Rule Number One : Never Get Attached
Fanfictionစည်းမျဉ်း နံပတ်တစ် : မချစ်မိစေရ ဝမ်အိမ်တော်တွင် တဟုန်ထိုး နာမည်ကျော်ကြားလာသူ Alpha ဝမ်ရိပေါ်။ နာမည်ကျော်သည့်အထဲမှာ သူ၏ အေးတိေအးစက်နိုင်မှုနှင့် ချဉ်းကပ်ရခက်ခဲမှုက တပါတည်း။ ဝမ်ရိပေါ် ရာဇဝင်မှာ အမှားအယွင်းဆိုတာ မရှိသလို အမှားပြုလုပ်သူကို ခွင့်လွှတ်ပ...
