ထယ်ဆန်းလမ်းထိပ်က မုန့်ဆိုင်မှာယူဂျင်းအတွက်မုန့်၀ယ်နေတုန်း ထယ်ဆန်းတို့လမ်းထဲကနေထွက်လာသော ဂယူဗင်းရဲ့ကားကြောင့် စိတ်ထင့်သွားရသည်။
ထယ်ဆန်းအိမ်အမြန်ပြန်ကြည့်တော့ ၔည့်ခန်းထဲတွင်ဘယ်သူမှရှိမနေ။ ထယ်ဆန်း ယူဂျင်းအခန်းကိုသွားကြည့်တော့ သူ့ညီလေးက ဂိမ်းအားကြိုးစားပမ်းစားဆော့နေလေသည်။
"ယူဂျင်း။ "
ထယ်ဆန်းရဲ့ ခေါ်သံကြောင့် ယူဂျင်းခမျာလန့်၍တုန်သွားရသည်။
"ဘာတွေအဲ့လောက်လန့်နေတာလဲ။ "
ယူဂျင်းမှာ ကိိုကိုလာတာဟျောင်းသိသွားပြီလားဆိုပြီး ဘယ်လိုဖြေရှင်းချက်ပေးရမလဲစဉ်းစားနေတုန်း
"အိမ်ပြန်ရောက်တာကြာပြီလား။ "
ယူဂျင်း မျက်နှာမပျက်နေကာ အသံကိုထိန်းရင်းပြောလိုက်သည်။
"ကြာပေါ့ ဟျောင်းရဲ့။ ဟျောင်းဘယ်သွားနေတာလဲ နောက်ကျတယ်နော်။ "
"ဒီတိုင်း၀င်စရာရှိလို့။ မုန့်၀ယ်လာတယ် စားလိုက်အုန်း။ "
"ဟုတ် ဟျောင်း။"
ယူဂျင်းသက်မချရုံပဲ ရှိသေး ထယ်ဆန်းက တစ်ခုခုအားသတိပေးဟန်ဖြင့်။
" အော်ဒါနဲ့။ "
"ဟုတ်"
" ဂိမ်းပဲဆော့မနေနဲ့ စာလည်းလုပ်အုန်း။ "
"လုပ်ပါတယ်ဟျောင်းရဲ့။ "
ယူဂျင်း တဟဲဟဲရယ်ပြီးပြောတော့ ထယ်ဆန်းကထူးဆန်းသလိုကြည့်ကာ အခန်းထဲကထွက်သွားလေသည်။
ဟျောင်းအခန်းထဲကထွက်သွားမှ ယူဂျင်းမှာသက်ပြင်းကောင်းကောင်းချနိုင်တော့သည်။
ပြောတဲ့အတိုင်းလုပ်သည့်ကိုကိုဟာ သူ့အားနေ့တိုင်းအကြိုအပို့လုပ်ပေးလေသည်။ ဒီနေ့က 'တော့ပိုကီစားချင်တယ်' ဆိုပြီး အာချောင်မိတဲ့ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား။ ဒီနေ့တော့ ကိုယ့်ဘာသာမုန့်စားပြီးမှပြန််မယ်ဆိုတာကို အတင်းလိုက်ပို့တဲ့ကိုကို့ကိုပဲ အပြစ်တင်ရမလား။
ယူဂျင်းအဖြစ်ဟာ ဘာမှမဆိုင်ပေမယ့်လည်း ရည်းစားခိုးထားနေလို့ အကိုဆီမှာမိမှာစိုးနေရတဲ့အဖြစ်နဲ့ တူနေတယ်။ ယူဂျင်း ကိုယ့်အတွေးနဲ့ကိုယ်စိတ်ပူနေတုန်း ပစ်ချထားမိတဲ့ဖုန်းလေးဆီမှ ဂင်အွန်းဟက်ရဲ့အသံကြားမှ စိတ်ကပ်တော့သည်။
Part-8 Reflection
Comenzar desde el principio
