ဂယူဗင်းရဲ့ အင်ဝန်းဆေးရုံတင်ထားရတယ်ဆိုတဲ့စကားကြားပြီးပြီးချင်း ဆေးရုံကိုအမြန်ပြေးထွက်လာခဲ့သည်မှာ ယူလီလမ်းမှာချော်လဲမလိုတောင်ဖြစ်သွားရသည်။ ဆေးရုံရောက်ရတဲ့တရားခံကို မှန်းကြည့်လို့ရပေမယ့်လည်း အခုလက်ရှိကအင်ဝန်းကိုတွေ့ဖို့ ပိုအရေးကြီးသည်မို့ ဆေးရုံရောက်မှ ဂယူဗင်းကို အကျိုးအကြောင်းမေးမို့ စဉ်းစားထားသည်။
ယူလီ စိတ်ဇောနဲ့ကားကိုအမြန်မောင်းလာပြီးသည့်နောက်မှာ ဆေးရုံကို မိနစ်ပိုင်းအတွင်းရောက်သွားလေသည်။ ကောင်တာမှာ အခန်းနံပါတ်မေးပြီး ၀င်သွားတော့ ဂယူဗင်းကဆိုဖာပေါ်တွင် ထိုင်ရာမှထကာ အံ့သြနေသည့်မျက်နှာဖြင့်။
"နင်ကားကိုဘယ်လိုမောင်းလာတာလဲ။ "
ဂယူဗင်းရဲ့အမေးကို လစ်လျှူရှုကာ ကုတင်ထက်တွင်လဲလျောင်းနေသော အင်ဝန်းဆီကိုအရင်သွားလိုက်သည်။ မျက်နှာတွင်သာမက ခြေထောက်နှင့်လက်များပါ ဒဏ်ရာများနှင့်မို့ ယူလီရင်ထဲမကောင်းဖြစ်သွားရပြီး တစ်ဆက်တည်းမှာပဲ ဒေါသထွက်ရသည်။
"မင်ယွန်းဟီး.. "
"နင်သိနေတာပဲ။ ဒီလောက်ဆို လွှတ်ထားပေးစရာမလိုတော့ဘူး။ "
"အဲ့ကတည်းက ကိစ္စအပြတ်ခဲ့ရမှာ။ မဟုတ်ရင် အင်ဝန်းလည်းအခုလိုဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ နင်နဲ့ထယ်ဆန်းလည်း.. "
"တော်ပြီ ယူလီ။"
ယူလီစကားပင်မဆုံး ဖြတ်ပြောလိုက်သောဂယူဗင်းကြောင့် အနောက်ဘက်ကိုလှည့်ကြည့်လိုက်ကာ ဂယူဗင်းသာမက ကောင်လေးနောက်တစ်ယောက်ပါ ပါသည်မို့ ဂယူဗင်းအား ကြည့်တော့ 'အပြင်လိုက်ခဲ့'ဟူသည့်အမူအရာပြကာ အခန်းထဲမှထွက်သွားလေသည်။
"ဘယ်သူလဲ။ "
"ဟန်ယူဂျင်း။ ဘဲ့အင်၀န်းကိုသူရှာတွေ့တာ။ ဟန်ထယ်ဆန်းရဲ့ညီ။ "
"ထယ်ဆန်းရဲ့ညီလေးလား။ မင်ယွန်းဟီးတို့ သူ့ကိုတွေ့သွားသေးလား။ "
"မသေချာဘူး အဲ့တာတော့။ "
"ဂယူဗင်း အဲ့ကလေးကကြားထဲကနေဒုက္ခရောက်မယ်။ "
"ငါသိတယ်။ "
"ထယ်ဆန်းကောသိပြီလား။ သူ့ကိုပေးသိထားမှပေါ့ မဟုတ်ရင်.."
