"စိတ်ဆိုးသွားတာလား။ "
"ငါကဘာကိစ္စနဲ့လဲ။ "
"အာ့ဆိုဘာလို့တစ်ယောက်တည်းထွက်သွားတာလဲ။ "
"ထွက်မသွားစေချင်ရင် မင်းချက်ချင်းလိုက်လာပါလား။ "
အီဟန်စကားအား ထယ်ဆန်းကခေါင်းတငြိမ့်ငြိမ့်ဖြင့် မတ်တပ်ရပ်လိုက်ပြီး ခါးအနည်းကုန်းကာ အီဟန်ရဲ့ဆံပင်ရှည်လေးများကိုသပ်တင်ပေးလိုက်သည်။
"ငါချက်ချင်းလိုက်လာလိုက်ရမှာ။ အချိန်မရတဲ့အကြောင်း မင်းကိုလိုက်ပို့ရမယ့်အကြောင်းပြောလိုက်လို့။ "
"အဲ့အကြောင်းတွေပြောရအောင် မင်းကိုဘယ်သူကစစ်မေးနေလို့လဲ။ "
"မင်းကပထမဦးစားပေးဆိုတာသိစေချင်လို့ "
ထိုစကားအား အီဟန်ရဲ့မျက်၀န်းညိုညိုများအားစိုက်ကြည့်ကာ ထယ်ဆန်းအလေးအနက်ပြောလိုက်ခြင်းပင်။ နားရွက်ဖျားလေးတွေရဲတက်လာသော အီဟန်ကြောင့် ထယ်ဆန်းသဘောတကျပြုံးရင်း အိတ်တွေကိုလက်တစ်ဖက်ကဆွဲယူပြီး ကျန်တစ်ဖက်ကအီဟန်ဘက်ကို ကမ်းပေးလိုက်သည်။
သူ့အရှေ့တွင် ကမ်းပေးလာသောလက်တစ်စုံအားကြည့်ရင်း အီဟန်ကျေနပ်စွာဖြင့် တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
အိမ်ပြန်လမ်းလေးဟာ တခြားရက်တွေထက်ပိုချိုမြိန်နေသယောင်။ ကားထဲကသီချင်းသံကလည်း တခြားရက်တွေထက်နားထောင်လို့ကောင်းသယောင်။ အပြန်မြင်နေကျမြင်ကွင်းတွေဟာလည်း တခြားရက်တွေထက်ပိုလှသယောင်။
အီဟန်အိမ်ရှေ့နားမရောက်ခင် ကားလေးကိုရပ်ကာ အထုပ်တွေကိုကူသယ်ပေးသည့် ထယ်ဆန်းကြောင့် အီဟန်တားလိုက်ကာ
"ဒီလောက်ကငါသယ်နိုင်ပါတယ်။ "
"သိတယ်။ သယ်ပေးချင်လို့။ "
အီဟန်အိမ်ရှေ့ရောက်တဲ့အခါ ထယ်ဆန်းလက်ထဲမှ အထုပ်တွေကိုပြောင်းယူလိုက်သည်။
"ကားကိုဂရုစိုက်မောင်း။ "
သူ့အပြောအား ထယ်ဆန်းကာ ခေါင်းတစ်ချက်ငြိမ့်ပြကာ အိမ်ထဲ၀င်ရန်ပြောလာသည်။ အီဟန် အိမ်ထဲ၀င်သွားမှသာ ကားမောင်းထွက်လာခဲ့သည်။ ကားမောင်းနေရင်း ဘေးခုံမှာတင်ထားသော ကိတ်မုန့်အား အကြည့်ရောက်မိတော့ ထယ်ဆန်း ပြုံးမိရသည်မှာအခါခါ။
Part-8 Reflection
Start from the beginning
