"နင်အချိန်ရလား ထယ်ဆန်း။ စကားပြောရအောင်လေ။ "
ဆယ်အာဆိုသည့်ကောင်မလေးကထိုသို့ပြောလေတော့ ဟန်ထယ်ဆန်းကသူ့ဘက်လှည့်ကြည့်လာသည်။ ဟန်မဆောင်နိုင်အောင် ပျက်ယွင်းနေသောသူ့မျက်နှာအားထိန်းကာ
"ကိုယ့်ဘာသာပြန်လိုက်မယ်။ "
ဟုဆိုကာ ကောင်တာတွင်ငွေရှင်းလိုက်သည်။ ငွေရှင်းပြီးသည်နှင့် အိတ်ထဲက စတော်ဘယ်ရီကိတ်မုန့်အား ထယ်ဆန်းလက််ထဲထိုးထည့်ကာ ထယ်ဆန်းရဲ့အဖြေကိုမစောင့်ဘဲ ထွက်လာလိုက်သည်။
အီဟန်ဆိုင်ထဲကထွက်သည်အထိ စောနကနေရာမှာပင်ရှိနေသောနှစ်ယောက်ကြောင့် အီဟန်စိတ်တိုစွာဖြင့် ဘတ်စ်ကားမှတ်တိုင်ဆီထွက်လာလိုက်သည်။
ထယ်ဆန်း သူ့နောက်ကိုလိုက်လာမှာဆိုပြီး ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့မိသည်။ အခုတော့အမှန်တရားကိုလက်ခံပြီး ဘတ်စ်ကားမှတ်တိုင်မှာတစ်ယောက်တည်းထိုင်နေရတဲ့ ကိုယ့်အဖြစ်ကိုတွေးမိတော့ အီဟန်ရယ်ချင်သွားရသည်။
အီဟန်ခေါင်းငိုက်ကာ ဘတ်စ်ကားထိုင်စောင့်နေတုန်း ကားတစ်စီးကဟွန်းဆက်တိုက်တီးနေတာကြောင့် အီဟန်မော့ကြည့်တော့ သူ့ပြုံးပြကာ ကြည့်နေသောဟန်ထယ်ဆန်း။ အီဟန်စိတ်တိုစွာဖြင့် မျက်နှာလွှဲမိတော့ ကားပေါ်မှဆင်းကာသူ့အနားရောက်လာသော ဟန်ထယ်ဆန်း။
အီဟန်အရှေ့မှာမုဆိုးထိုင် ထိုင်လိုက်ရင်း ခပ်ဖွဖွပြုံးကာသူ့အားစကားဆိုလာသည်။
"အိမ်ပြန်လိုက်ပို့ပေးမယ်လို့ ပြောထားတယ်လေ။ ဘာလို့အဲ့လို တစ်ယောက်တည်းထွက်သွားတာလဲ။ "
"မင်းတို့ကိုမနှောင့်ယှက်ချင်လို့။ "
ထယ်ဆန်းရဲ့မျက်နှာကိုမကြည့်ဘဲ အီဟန်ပြောလိုက်သည်။ ဟန်ထယ်ဆန်းရဲ့မျက်နှာကိုကြည့်လိုက်ရင် သူစိတ်ခဲထားသမျှအကုန်ပြေသွားမှာစိုးလို့။
"အရင်ကမိတ်ဆွေတစ်ယောက်ပါ။ "
"ငါမေးလား။ "
အီဟန် ဘောက်ဆတ်ဆတ်ပြောတော့ သဘောတကျရယ်လာတဲ့သူကို အီဟန်မျက်စောင်းထိုးလိုက်သည်။ ထိုအခါအီဟန်လက်ချောင်းကို ခပ်ဖွဖွထိရင်း
Part-8 Reflection
Start from the beginning
