အီဟန် တစ်ဖက်ကိုကြည့်မိတော့ ကောင်မလေးတစ်ယောက်။ နှုတ်ခမ်းနီခပ်ဖွဖွဆိုးထားကာ ရိုးရိုးရှင်းရှင်းလှအောင်ပြင်ထားသောထိုကောင်မလေးမှာ စတော်ဘယ်ရီကိတ်လုခံလိုက်ရသဖြင့် မျက်နှာထက်တွင်မကျေနပ်မှုက အထင်းသား။
အီဟန်လည်းပုံမှန်ဆို အလျှော့ပေးလိုက်မည်ဖြစ်သော်လည်း ထယ်ဆန်းအတွက်မလို့ အလျှော့မပေးချင်ပါ။ အီဟန်ဂရုမစိုက်စွာနဲ့ ကောင်တာမှာငွေရှင်းဖို့အလုပ် သူ့နောက်ကိုစောနကကောင်မလေးကလိုက်လာပြီး သူ့အားဆွဲကာ စိတ်ဆိိုးမာန်ဆိုးဖြင့်ပြောလာသည်။
"ဒီမှာ ဒီကိတ်ကိုပေးလို့မရဘူးလား။ တခြားကိတ်ယူလိုက်ပါ အဲ့တာအတွက်ပိုက်ဆံရှင်းပေးမယ်။ "
"စိတ်မ၀င်စားဘူး။ "
"ဒီမှာ ရှင်.. "
ထိုမိန်းကလေးထပ်ပြောမည့်အဆဲ ၀ိုင်းတစ်ခုတွင်ထိုင်နေသည့်ထယ်ဆန်းက သူတို့အနားရောက်လာကာ
"ဘာဖြစ်လို့လဲ အီဟန်။ "
"ဘာမှမဖြစ်ပါဘူး ထားလိုက်ပါ။ "
အီဟန် ထယ်ဆန်းကိုဆွဲခေါ်ကာ ငွေရှင်းမည်အလုပ် ထိုကောင်မလေးက ထယ်ဆန်းဘက်အား လက်ညှိုးထိုးကာ
"နင် ထယ်ဆန်းမလား။ ဟန်ထယ်ဆန်းလေ။ "
ထယ်ဆန်းနာမည်ကိုကြားလို့ အီဟန်ကောထယ်ဆန်းပါထိုကောင်မလေးဘက်ကို ကြည့်မိလိုက်သည်။ ထယ်ဆန်းရဲ့နာမည်ကိုခေါ်လိုက်လို့ စိတ်ရှုပ်သွားတဲ့အီဟန်နဲ့ သူ့နာမည်ကိုဘယ်သူခေါ်လဲဆိုတာ သိလိုက်လို့ အံ့သြသွားသော ထယ်ဆန်း။
"ဆယ်အာ.. "
"တော်သေးတာပေါ့ မှတ်မိလို့ပဲ။ "
"ပြန်ရောက်နေတာလား။ "
"အင်း သိပ်တော့မကြာသေးဘူး။ "
စောနလေးတင် သူ့ကိုရန်စောင်နေသောထိုမိန်းကလေးမှာ ထယ်ဆန်းနဲ့ကျပျားသကာလောင်းထားသလို ချိုမြနေတာမလို့ အီဟန်စိတ်မကြည်တော့ပေ။ သူကလွဲပြီးတခြားလူတွေကိုဆို ခပ်တန်းတန်းနေသည့်ထယ်ဆန်းဟာလည်း ထိုမိန်းကလေးနဲ့ စကားဖောင်ဖွဲ့နေသည်မလို့ အီဟန်စိတ်ကပိုမကြည်ဖြစ်လာရသည်။
Part-8 Reflection
En başından başla
