"မနက်စာစားပြီးပြီလား။ "
ထယ်ဆန်းက ပြုံးနေသောသူ့အားထပ်မေးလာခြင်းပင်။ အီဟန် ခေါင်းအသာခါပြတော့ သူ့လက်အားဆွဲကာ မုန့်ဆိုင်သို့ခေါ်လာသည်။
"မင်းလည်းမစားရသေးဘူးမလား။ စောစောရောက်နေတာစားထားပေါ့။ "
အီဟန်ကထိုသို့ပြောတော့ လေသံတိုးတိုးဖြင့် "မင်းနဲ့တူတူစားချင်လို့ စောင့်နေတာ" တဲ့။
ဒီနေ့တော့ သူတို့နှစ်ယောက်လုံးအတန်းမလစ်ဘဲ အတန်းသေချာတက်ခဲ့ကြပါတယ်။
ညနေကျောင်းဆင်းချိန်ရောက်တော့ ဘေးနားကနေတူတူလျှောက်လာတဲ့ ထယ်ဆန်းကအီဟန်ဘက်လှည့်ကာ
"အီဟန်.. "
"အင်းပြောလေ။ "
"အိမ်ပြန်တော့မှာလား။"
"အင်းပြန်တော့မို့လေ။ "
"ငါးလိုက်ကြည့်မလား..ငါ့အိမ်မှာ.. ထားလိုက်..ထားလိုက်တော့ ဘာမှမဟုတ်တော့ဘူး။ "
"အမ်"
အီဟန်ကြောင်အစွာနဲ့ကြည့်နေတုန်း ဘေးကထယ်ဆန်းကတော့ခပ်သုတ်သုတ်ဖြင့် အရှေ့ကထွက်သွားလေသည်။
"ဟန်ထယ်ဆန်း စောင့်အုန်းလေ။ "
ကားနားကိုရောက်တော့ အီဟန်အားရပ်စောင့်နေသည့် ထယ်ဆန်း။ ကားတံခါးကိုဖွင့်ကာ "လိုက်ပို့ပေးမယ်။" ဟု ခပ်ဖွဖွဆိုလာသော ထိုအမျိုးသားကို အီဟန်ကြွေဆင်းရတာဆန်းမယ်လို့တော့မထင်။
"ထယ်ဆန်းနား ငါ့ကို ကိတ်မုန့်ဆိုင်တစ်ခုမှာရပ်ပေးလို့ရလား။ "
"မင်းကိတ်မုန့်စားချင်လို့လား။ "
"မဟုတ်ဘူး ဂင်ဂယူအတွက်။ "
ဂယူဗင်းရဲ့နာမည်ကိုကြားတော့ ထယ်ဆန်းကအလိုမကျစွာမျက်မှောင်ကြုတ်ပြီး ဘာမှထပ်မပြောလာတော့ပေ။
ကိတ်မုန့်ဆိုင်ရောက်တော့ ထယ်ဆန်းကပါသူနဲ့အတူဆင်းလာလေသည်။ ဂင်ဂယူအတွက်သရက်သီးကိတ်ကိုယူကာ ဘေးကသူ့ကြောင်လေးအတွက် စတော်ဘယ်ရီကိတ်လေးကိုယူဖို့အလုပ် တစ်ယောက်ယောက်လက်လှမ်းလာသည်မို့ အမြန်ယူလိုက်ရသည်။ ဘာလို့ဆို စတော်ဘယ်ရီကိတ်ကတစ်ခုတည်းကျန်တော့သည့်အတွက်မလို့။
Part-8 Reflection
Start from the beginning
