"လမ်းကြုံလို့၀ယ်လာတာ။ "
ထိုစကားအား ကိုကိုကကားစက်နှိုးရင်း ပြောလာလေသည်။ တစ်ဆက်တည်းပဲ ယူဂျင်းဘက်ကိုလှည့်ရင်း
"ခါးပတ်ကကိုယ့်ဘာသာပတ်မလား ကိုယ်ပတ်ပေးရမလား ဟန်ယုန်ပေါက်။ "
ချောကလက်ကိတ်ကိုဖောက်ရန်တာဆူနေသော ယူဂျင်းလက်တွေဟာ ကိုကို့စကားကြောင့်ခေတ္တရပ်ကာ ဦးနှောက်ကိုအလုပ်ပြန်လုပ်ဖို့ အချိန်ယူလိုက်ရသည်။
ယူဂျင်းအားစိတ်မရှည်တော့သည့်ဟန် ကိုကိုကယူဂျင်းနားတဖြေးဖြေးကပ်လာကာ ခါးပတ်အားသေချာပတ်ပေးလေသည်။ ကိုကို့ရဲ့၀င်သက်ထွက်သက်ထိကြားနေရသည်မို့ လက်ထဲကချောကလက်ကိတ်ဗူးလေးအား အားပြုကာ ကိုကို့ကိုမကြည့်မိဖို့စိတ်ထိန်းထားရသည်။
အိုးတိုးအန်းတန်းအနေအထားကို ပေပျောက်စေရန် ယူဂျင်းချောင်းတစ်ချက်ဟန့်ကာ
"ကျောင်းနောက်ကျတော့မှာပဲ။ "
ယူဂျင်းစကားအား သဘောကျစွာဖြင့် ဂယူဗင်းရယ်လိုက်ရင်းစိတ်ထဲတွေးမိသည်က 'အဲ့လောက်ကြီးချစ်ဖို့ကောင်းတာကျ '
♪ ♬ ヾ(´︶'♡)ノ ♬ ♪
ထယ်ဆန်းနဲ့ပြန်အဆင်ပြေသွားတဲ့ သူ့ရဲ့နေ့ရက်တွေဟာ အရင်လိုပြန်လည်တက်ကြွလာခဲ့တယ်။ ထယ်ဆန်းဟာအရင်အတိုင်းသူ့အား ဂရုစိုက်ပေးသလို ယခုဆိုလျှင် ကလပ်ကိုနှစ်ယောက်အတူသွား အတူလေ့ကျင့် အတူပြန်ဖြင့် ပို၍ပင်ပူးကပ်နေကြသည်။
ဂယူနဲ့စကားသေချာမပြောဖြစ်သည်မှာ ထယ်ဆန်းနဲ့ပြန်အဆင်မပြေခင်ကတည်းကမလို့ ဒီနေ့တော့စကားပြောရမည်ဟု အီဟန်တွေးရင်းလမ်းလျှောက်လာခဲ့သည်။ ကျောင်းအပြန်ကျ ဂယူကြိုက်တဲ့သရက်သီးကိတ်လေး၀ယ်ပြီး ချော့ရမည်ဟုတွေးရင်း အတန်းထဲကို၀င်မည်အလုပ် အတန်းရှေ့မှာစောင့်နေတဲ့ ထယ်ဆန်းကြောင့် အီဟန်ပြုံးကာခြေလှမ်းတွေကို ရပ်လိုက်သည်။
"ဘာတွေတွေးနေလို့ ငါ့ကိုတောင်မမြင်တာလဲ။ "
အလိုမကျတဲ့မျက်နှာနဲ့ ဆူပုတ်စွာပြောလာတဲ့ ထယ်ဆန်းကြောင့် အီဟန်မရယ်မိအောင်ထိန်းလိုက်ရသည်။ စိတ်ကောက်ချင်သလိုဖြစ်နေတဲ့ ဟန်ထယ်ဆန်းကအရမ်းကိုချစ်ဖို့ကောင်းနေလို့လေ။
Part-8 Reflection
Start from the beginning
