အညိုရောင်မှိုင်းမှိုင်းမျက်လုံးတွေဖြင့် တောင်းဆိုချက်လား အမိန့်ပေးချက်လား မသဲကွဲစွာဖြင့် ဆိုလာသောကိုကို့စကားကို ယူဂျင်းထပ်ပြီးမငြင်းဆိုမိတော့။
"ကျွန်တော်က ကျောင်းကိုအစောကြီးသွားတာ။ စီနီယာကြောင့် မနောက်ကျချင်ဘူး။ "
ယူဂျင်းရဲ့စကားအဆုံး ကိုကိုကအပြုံးခပ်နုနုလေးဖြင့် ယူဂျင်းခေါင်းလေးကိုအသာပုတ်ကာ
"ဟုတ်ပါပြီကွာ။ မနောက်ကျစေရပါဘူး။ "
ကိုကို့အပြုအမူကြောင့် ဖြစ်ပေါ်လာတဲ့ရင်ဘတ်ထဲကတီး၀ိုင်းရဲ့အသံကို ကိုကိုကြားမှာစိုးလို့ ယူဂျင်းကားပေါ်မှ အမြန်ဆင်းလာရသည်။ မဟုတ်ရင် သူနှလုံးအထူးကုဆီမှာ ရက်ချိန်းယူရလိမ့်မယ်။
ယူဂျင်းအိမ်ထဲသို့မ၀င်မချင်း ကားထဲမှာစောင့်နေရင်း အိမ်ထဲသို့၀င်သွားခါမှ ဂယူဗင်းကားစက်နှိုးပြီး ထွက်လာခဲ့လိုက်သည်။
♪ ♬
ကိုကိုဟာသူပြောထားသည့်အတိုင်း လမ်းထိပ်မှာစောင့်နေပါတယ်။ ကားကိုမှီကာ သူ့အားလက်ပိုက်စောင့်နေသည့်ကိုကိုရဲ့ပုံစံဟာ အရမ်းမိမိုက်နေတဲ့အတွက် ယူဂျင်းအကြည့်မလွဲမိအောင်ပင် ဖြစ်သွားရသည်။
"အဟမ်း နောက်မကျသေးဘူးမလား။ "
သူစိုက်ကြည့်နေသည်ကိုတစ်မျိုးထင်သွားသည့်ကိုကိုက ချောင်းတစ်ချက်ဟန့်ကာ ဖြေရှင်းချက်ပေးလာသည်။ ထိုအခါမှ ကျွန်တော်လည်းပေါ်တင်ကြည့်တာမမိသွားရန် မျက်နှာတည်ဖြင့် ကိုကို့စကားနောက်ကနေ ရေလိုက်ငါးလိုက်ပြန်ပြောရသည်။
"နောက်မကျပါဘူး။ စီနီယာဘယ်တုန်းတည်းကရောက်နေတာလဲ။ "
"နာရီ၀က်လောက်တော့ ရှိပြီ။ မင်းအစောကြီးထွက်သွားပြီမှတ်နေတာ။ လာလေ ကားပေါ်တက်။ "
ယူဂျင်းကားပေါ်ရောက်တော့ ကိုကိုကသူ့အားအထုပ်တစ်ထုပ်ပေးလာသည်။ ယူဂျင်းဖွင့်ကြည့်လိုက်တော့ ချောကလက်ကိတ်နှင့် နွားနို့ပူတစ်ဗူးပင်။ အနည်းငယ်ကြာသွားပြီမို့ထင် နွားနို့ကသိပ်မပူဘဲ ခပ်နွေးနွေးဖြစ်နေသည်။
Part-8 Reflection
Start from the beginning
