"ယူလီ..ငါတစ်ယောက်တည်းဖြေရှင်းလို့ရတယ်။ "
"မရဘူး မရမှန်းနင်သိတယ်။ မင်ယွန်းဟီးတို့ကပိုပြီးဆိုးလာတာ နင်အတွေ့ပဲ။ အဲ့ကလေးအပေါ်အန္တရာယ်မပေးနိုင်ဘူးလို့ မပြောနိုင်ဘူး။ "
ယူလီပြောတာကလည်းမှန်သည်မလို့ ဂယူဗင်းပြန်မပြောနိုင်ပေ။
"ဟန်ထယ်ဆန်းတော့ မဖြစ်ဘူး။ ငါအဆင်ပြေအောင်လုပ်လိုက်မှာမလို့ နင်ကဘဲ့အင်၀န်းကိုပဲ ဂရုစိုက်။"
ဂယူဗင်းသက်ပြင်းချကာ မရေရာသည့်မျက်လုံးများဖြင့် ပြောလာသည်။
ဆေးရုံအခန်းထဲတွင် ဘယ်သူမှမရှိတဲ့အတွက်ကြောင့် လူနာစောင့်ရန် ယူဂျင်းနေခဲ့လိုက်သည်။ ကိုကိုနဲ့စောနကလာသောအမမှာ အရေးကြီးကိစ္စကိုပြောနေသည့်ပုံကြောင့် သူအလိုက်တသိ နေပေးလိုက်သည်။ ကုတင်ပေါ်ကအမရဲ့ဒဏ်ရာတွေကြည့်ခြင်းဖြင့် ကိစ္စကမသေးမှန်း ယူဂျင်းမှန်းကြည့်လို့ရပါတယ်။
ယူဂျင်း အတွေးလွန်နေတုန်း ကိုကိုနဲ့စောနကအမကအခန်းထဲ ပြန်ရောက်လာသည်။ ကိုကိုက ယူဂျင်းလွယ်အိတ်ကိုကောက်ယူကာ ယူဂျင်းဘက်လှည့်ပြီး လေသံမမာပေမယ့် မပျော့သောလေသံဖြင့်ဆိုလာသည်။
"အိမ်ပြန်လိုက်ပို့ပေးမယ်။ "
စိတ်ညစ်နေတဲ့ကိုကို့ပုံကြောင့် ယူဂျင်းစောဒကမတက်မိ။ ခေါင်းအသာငြိမ့်ကာ ကိုကိုသွားရာနောက် လိုက်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် ကားအတွင်း၌ ကိုကို့၏သက်ပြင်းချသံ ခပ်တိုးတိုးသာပြန့်လွင့်နေသည်။ ယူဂျင်းအိမ်ရှေ့နားကိုမရောက်ခင် နေရာအစပ်မှာ ကိုကိုကကားရပ်လိုက်တဲ့အတွက်ကြောင့် ယူဂျင်းကြည့်မိတော့
"မင်းအကိုတွေ့ရင် မင်းကိုဆူမှာစိုးလို့။ "
ဟု လေသံတိုးတိုးဖြင့် ဖြေရှင်းချက်ပေးလာသည်။
"မနက်ဖြန်မနက်ကျရင် လမ်းထိပ်ကနေစောင့်နေမယ်။ ကိုယ်ရောက်ပြီဆိုဖုန်းဆက်လိုက်မယ်။ "
"ကျွန်တော် ကိုယ့်ဘာသာသွားနိုင်.. "
"မင်းကိုယ့်ဘာသာသွားတတ်တာ ကိုယ်သိတယ်။ ဒါမယ့် အခုတော့ ကိုယ့်စကားကိုနားထောင်ပေး။ "
Part-8 Reflection
Comenzar desde el principio
