Part-8 Reflection

Start from the beginning
                                        

"ဒီတစ်ခါဆို လူငယ်ထိန််းသိမ်းရေးစခန်းမဟုတ်ဘဲ ထောင်ထဲရောက်မှာ "

ဂယူဗင်း သူတို့ရဲ့အသံများကိုရင်းနှီးနေသောကြောင့် သေချာအောင် တိတ်တဆိတ်ကြည့်မိတော့ သူ့အားနောက်ကျောပေးထားသော ကောင်မလေးတစ်ယောက်နှင့် မင်ဂီထက်။

ဂယူဗင်း ထိုလူကိုတွေ့လိုက်ရသည့်အခါ အနည်းငယ်အံ့သြမိသော်လည်း ဒီလောက်ဆိုလူငယ်ထိန်းသိမ်းရေးစခန်မှထွက်လာပြီမှန်း သဘောပေါက်လိုက်သည်။ သူ့အရှေ့ကမိန်းကလေးကိုတော့ အသံကြားရပေမယ့် ရုပ်မမြင်ရသည့်အတွက် ဂယူဗင်းမသေချာပေ။ ဂယူဗင်းသိသည့်သူက ဒီနိုင်ငံကိုထပ်လာစရာအကြောင်းမရှိ။

ဂယူဗင်းရဲ့သံသယတွေကို ပိုသေချာသွားစေသည်က ဂီထက်ရဲ့စကားထဲတွင် ပါလာသောသူမ၏နာမည်ကြောင့်ပင်။

"ငါ့ညီမကို ငါထိန်းလို့မှမရဘဲ။ ဆယ်အာ နင့်ကိုပဲကြောက်တာ။ "

သေချာသွားသည့်နောက်မှာ ဂယူဗင်းထိုနေရာမှအမြန်ပင် ထွက်ခဲ့တော့သည်။ ထိုနေရာမှာနေပြီး သူတို့နဲ့တွေ့လို့ ကောင်းသည့်အရာဖြစ်လာမည်မဟုတ်။

ဂယူဗင်းဆေးရုံကို အမြန်မောင်းထွက်လာပြီး ဆေးရုံအခန်းထဲတွင် ဘေးကင်းကင်းရှိနေသည့် အင်၀န်းနဲ့ယူလီကိုမြင်မှ သက်ပြင်းချနိုင်တော့သည်။

မုန့်ထုပ်များကို ယူလီအားပေးကာ ဆိုဖာပေါ်တွင် ဂယူဗင်းရဲ့ ၀င်ထိုင်လိုက်သည်။

"အမောတကြီးနဲ့ ဖြေးဖြေးလာပါ။ "

သူ့မျက်နှာကိုသတိမထားမိသေးသော ယူလီကစနောက်စွာဖြင့် ပြောလာသည်။ ဂယူဗင်းရဲ့ဖြေသံကိုမကြားသဖြင့် ယူလီလှည့်ကြည့်တော့ ခပ်တွေတွေဖြစ်နေသော ဂယူဗင်း။

"ဘာဖြစ်လာတာလဲ ဂယူဗင်း။ "

"ယူလီ ဂီထက်ပြန်ရောက်လာပြီ။ "

သူ့စကားအားကြားလိုက်သည့် ယူလီမျက်နှာထက်မှာလည်း အပြုံးတို့ပျောက်ကွယ်သွားရသည်။ စိုးရိမ်နေသည့်မျက်နှာဖြင့် အင်၀န်းအားကြည့်မိသည်။

"ဂျောင်ဆယ်အာကောပဲ။ "

ဂယူဗင်းရဲ့စကားကြောင့် ယူလီလည်းအနည်းငယ်အံ့သြသွားပြီး

"သူကဘာလာလုပ်တာလဲ။ "

"အေး ငါစိတ်ပူတာလည်းအဲ့တာပဲ။ ပြန်လာစရာအကြောင်းမရှိတဲ့လူကလေ။ "

သူကော ယူလီကော အတွေးကိုယ်စီဖြင့် သက်ပြင်းချမိကြသည်။ ခနအကြာတိတ်ဆိတ်နေသည့်နောက်တွင် ဂယူဗင်းကစိတ်ဆုံးဖြတ်ထားသည့်ပုံဖြင့်

"ဒီကိစ္စက အရင်ကတည်းကတစ်ခါတည်းပြီးရမှာ။ "

"ငါတို့ ထယ်ဆန်းကို ဒီကိစ္စပြောသင့်တယ်ထင်တယ်။ "

"ဟန်ထယ်ဆန်းကို ဘာလို့.."

ဂယူဗင်း ယူလီရဲ့စကားကိုလက်မခံစွာပြန်ပြောမည့်အခိုက် ဆေးရုံခန်းတံခါးကိုဖွင့်ဆွဲကာ ၀င်လာသည့်အီဟန်ကြောင့်    ဂယူဗင်းရဲ့စကားတွေရပ်တန့်သွားရသည်။

လက်ထဲတွင် ကိတ်မုန့်ထုပ်ကိုင်ကာ ရောက်လာသည့်အီဟန်က သူနဲ့ယူလီအား မေးခွန်းများနှင့်ပြည့်နှက်နေသော မျက်လုံးများဖြင့်ကြည့်ကာ

" ထယ်ဆန်းကို ဘာကိစ္စပြောမှာမလို့လဲ။ "

♪ ♬ ヾ(´︶'♡)ノ ♬ ♪

Part-8 End
@blackkatt_jh





You've reached the end of published parts.

⏰ Last updated: May 03 ⏰

Add this story to your Library to get notified about new parts!

Boundary Between Us Where stories live. Discover now