"ဟေ့ကောင် ဟန်ယူဂျင်း။ မင်း afk ဖြစ်သွားတာလား။ "
ထိုအခါမှ သေနေသောသူ့ character လေးအားမကြည့်ရက်စွာဖြင့် ကျနေသောဖုန်းလေးအားကောက်ယူလိုက်ကာ "ပြန်လာပြီ" ဟုအွန်းဟက်အားပြောရင်း ဂိမ်းပြန်ဆော့နေလိုက်သည်။
♪ ♬ ヾ(´︶'♡)ノ ♬ ♪
ပုံမှန်ဆိုလည်း အိမ်ပြန်နောက်ကျသည့်ဂယူဟာ အီဟန်အိမ်ပြန်နောက်ကျသည့်နေ့မှာတောင် အခုထိအိမ်ပြန်မရောက်လာသေး။
သူ့အတွက်၀ယ်လာသည့်ကိတ်အား ရေခဲသေတ္တာထဲတွင် ထည့်ထားလိုက်ရင်း လန်းသွားအောင် ရေချိုးလိုက်သည်။ အီဟန်ညစာစားရန် ဆင်းလာသောအခါ ထမင်းစား၀ိုင်းမှာ အဖေတစ်ယောက်တည်းမလို့ ဂယူအားမေးလိုက်တော့ ပြန်မရောက်သေးကြောင်းသိလိုက်ရသည်။
"ဂင်ဂယူ့ သူငယ်ချင်းဆေးရုံတင်ထားရလို့လေ။ ညတိုင်းသွားစောင့်ပေးနေတာ။ "
အဖေကသူ့အား ဟင်းထည့်ပေးရင်းပြောလာလေသည်။
"သားတို့ဘာဖြစ်ထားလဲ အဖေသေချာမသိဘူး။ ဒါမယ့် ဂင်ဂယူက သားအတွက်သိပ်စိတ်ပူပေးတတ်တာ သိတယ်မလား အီဟန်နီး။ "
အဖေ့စကားအား သူခေါင်းငြိမ့်ပြရင်း ညစာအမြန်စားလိုက်သည်။ အဖေဆီက ဂင်ဂယူသွားတဲ့ဆေးရုံနာမည်ကိုမေးပြီး တက္ကစီငှားကာ ထွက်လာလိုက်သည်။
♪ ♬
ဂယူဗင်း သူ့ကလေးလေးအား အိမ်ပြန်ပို့ပေးသည့်နောက် ဆေးရုံကိုထွက်လာခဲ့သည်။ လမ်းမှာ ယူလီကမုန့်၀ယ်ခဲ့ရန်မှာသည့်အတွက်ကြောင့် ဂယူဗင်းလည်းဆိုင်ရှိလောက်မည့်တစ်နေရာမှာ ကားရပ်လိုက်သည်။ ဂယူဗင်းလိုသည့်ပစ္စည်းများ၀ယ်နေတုန်း အနောက်ဘက်ခြမ်းကနေ တီးတိုးသံများကိုကြားရတော့ အစကအရေးမလုပ်မိပေမယ့် နာမည်တစ်ခုကြောင့် ခေါက်ဆွဲဗူးဆီလှမ်းနေသည့် သူ့လက်များရပ်တန့်သွားရသည်။
" ဘဲ့အင်၀န်း ဆေးရုံရောက်သွားတယ်ဆို။ "
"ဟုတ်မှာပေါ့။ "
"နင်တို့ကိုသိသိသာသာမလုပ်နဲ့လို့ပြောထားတယ်မလား။ "
"ငါမဟုတ်ဘူး ယွန်းဟီးလုပ်တာလေ။ "
Part-8 Reflection
Start from the beginning
