" အင်း ကိုကို့ သဘောလေ .. "
တိုးတိုးသာသာလေး ထွက်ပေါ်လာတဲ့ အက်ကွဲကွဲလေသံလေးက နားဝင်ချိုလွန်းလှသည်။ ထိုအချိန်ကတည်း မမသိင်္ဂီဆီမှ ဒီစကားလေးတစ်ခွန်းကို မကြာခဏ ကြားရလေ့ရှိပါသည်။ 'ကိုကို့ သဘောလေ' ဆိုသည့် စကားလေးပေါ့ .. ။
🍂🍂🍂
ပြဿဒ်ကြီးဘုရားသို့ရောက်တော့ အမိုး နှစ်ခုကြားမှာ တည်ထားသည့် ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော်အား အရင်ဆုံး ဝင်ရောက်ဖူးမြော်ကြသည်။ ပြဿဒ်ကြီးဘုရားသည် ကွမ်းတောင်ပေါက် လှိုင်ဂူ နှစ်ဆင့် ဂူဘုရားဖြစ်သည်။ အပေါ်ဆုံးအဆင့်သို့ တက်ပြီး ကြည့်ရှုမည်ဆိုပါက ပုဂံမြို့ရဲ့ နေဝင်ချိန် နေထွက်ချိန်များကို အလှပဆုံး ကြည့်ရှုခံစားလို့ရမည်ဖြစ်သည်။
" ဖြည်းဖြည်းတက် မမသိင်္ဂီ .. "
သူ့နောက်မှ လိုက်တက်လာတဲ့ မမကို လက်ကမ်းပေးလိုက်တော့ မမကသူ့လက်ကို အသာအယာဖမ်းဆွဲကိုင်သည်။ မမသိင်္ဂီရဲ့ လက်လေးတွေဟာ တော်တော်လေးကို နူးညံ့လှ၏။ လက်ချောင်းလေးတွေကလည်း ရှည်ရှည်သွယ်သွယ်လေးပင်။ လက်သည်းခွံလေးတွေကအစ ရှည်သွယ်သည်။
မီးခိုးရောင်ဝမ်းဆက် ချည်ထဘီနှင့် ရင်ဖုံးလက်ပြတ်လေးကို ဆင်မြန်းထားသော မမသည် အုတ်ခုံစောင်းလေးတစ်နေရာတွင် ဘေးတစောင်းလေးထိုင်နေသည်။ နေဝင်ချိန်ဆည်းဆာရောင် ပက်ဖြန်းလျက်ရှိသော မမအသားအရည်မှာ ကြည်စင်တောက်ပလျက်ရှိ၏။ ကြည့်ရတာ မမဒီနေ့ ခေါင်းထပ်လျှော်ထားပုံရသည်။ လေတိုက်တိုင်း သူ့ဘက်သို့ ယိမ်းနွဲ့လာတဲ့ မမရဲ့ ဆံနွယ်တွေဆီမှ ခေါင်းလျှော်ရည်နံ့ သင်းသင်းလေးရနေပါသည်။
ယနေ့ညနေစောင်း၌ ရိုးရိုးယဉ်ယဉ်လေးကို လှနေတဲ့ မမအား သူဘေးတိုက်လေး တစ်ချက်တော့ ငေးကြည့်မိခဲ့သည်။ ပြီးတာနဲ့ နေဝင်ချိန်ကို ငေးကြည့်ရင်း အတိတ်က ပုံရိပ်အချို့ကို အာရုံထဲ ပြန်လည် ပုံဖော်ကြည့်နေမိ၏။ ချစ်စုဦးနဲ့လည်း ဒီပြဿဒ်ကြီးဘုရားကို နှစ်ယောက်အတူလာဖူးခဲ့သည်။ ဒါပေမဲ့ အဲ့ဒီအခေါက်တုန်းကတော့ ယခုလိုမျိုး နေဝင်ချိန်ကို အတူငေးကြည့်ခွင့် မရခဲ့ .. ။
ВЫ ЧИТАЕТЕ
Finding You (Complete)
Любовные романыဖြူဖျော့ပြီး ခပ်ယဲ့ယဲ့လေးရယ်သာရှိသည့် မြတ်သိင်္ဂီဇော် ဆိုသော ထိုအမျိုးသမီးရဲ့ ရင်ခွင်ထဲ၌ ဒဏ်ရာတွေ ဗလပွနှင့် .. Lin Latt Paing မှ ဖန်တီးရေးသားထားသည်။
Part - 10 (Unicode)
Начните с самого начала
