3 (Unicode)

9.9K 526 19
                                        

ပုဂံသို့သွားသည့် ခရီးစဉ်ကို မေသံစဉ်က ကိုယ်တိုင်ကိုယ်ကျ ကားမောင်း၍ လိုက်ပို့ပေးသည်။

" မေ .. "

" ဟင် .. "

" ငါ့မှာ မေ့လို သူငယ်ချင်းကောင်းတစ်ယောက်ရှိနေတာက ဘဝမှာ ကံအကောင်းဆုံးပဲ .. "

ကားမောင်းနေတဲ့ မေ့ကို ရုတ်တရက်သူ ထပြောလိုက်တော့ မေက သူ့ဘက်တစ်ချက်လေး လှည့်ကြည့်ပြီး ပြုံးပြပါသည်။ ကားထဲမှာ Lemon အမွှေးရနံ့လေးက သင်းပျံ့မွေးကြိုင်လျက်။ Sound Box မှ Lady Gaga ရဲ့ Million Reasons ဆိုတဲ့ သီချင်းလေးက အေးဆေးငြိမ့်ညောင်းစွာ ထွက်ပေါ်လို့နေပါသည်။ ကားက မေ့ ကားမဟုတ်။ သူ့ကိုယ်ပိုင်ကားလေးဖြစ်တဲ့ Toyota Crown အဖြူရောင်လေး။ ၂၀၁၆ ခုနှစ်မှာ ထိုကားလေးဟာလည်း အတော့်ကို ခေတ်စားသည် မဟုတ်လား။

၂၀၁၆ မှာ ထွက်ရှိလာတဲ့ Joanne (Deluxe) Album ထဲမှ Million Reasons ဆိုသည့် သီချင်းစာသားတွေက သူ့ရင်ထဲမှ နာကျင်မှုတွေကို ဆွေးဆွေးမြေ့မြေ့ နှင့် ဖွင့်ဟပြနေသည့်အလား .. ။

ဤသီချင်းဟာ Lady Gaga ၏အသံနှင့် သိပ်ကိုလိုက်ဖက်လွန်းပါသည်။ အလွမ်းအဆွေး Vibe လေးနဲ့ ရာဇဝင်တို့ မွေးဖွားရာ နယ်မြေဖြစ်သော ပုဂံမြို့လေးဆီသို့ တရွေ့ရွေ့ဦးတည်လျက် .. ။

' You giving me a million reasons to let you go .. You giving me a million reasons to quit the show .. You giving me a million reasons .. give me a million reasons .. giving me a million reason ... about the million reasons.. '

'ထွက်သွားတော့မဲ့အကြောင်းပြချက်တွေ မင်းငါ့ကိုပေးနေပြီပေါ့၊ လမ်းခွဲဖို့အတွက် အကြောင်းအမျိုးမျိုး ပြောနေပြီပေါ့ ... အကြောင်းပြချက်တွေ များလှချည်းလားကွာ .. တကယ့်ကို အများကြီးပါပဲ .. ဒီသန်းချီတဲ့ အကြောင်းပြချက်ပေါင်းများစွာတွေ ..  '

' If I have a highway, I would run for the hills .. if you could find already way, I'd forever be still ..

' ငါသာ ထွက်သွားနိုင်မဲ့ လမ်းစကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင် တောင်တွေ အထပ်ထပ် ကျော်ဖြတ်ရပါစေ မင်းအတွက် ငါအပြေး ခရီးနှင်မိမှာပါ .. ၊ မင်းအတွက် ကောင်းမွန်တဲ့လမ်းသာ ရှာတွေ့ခဲ့မယ်ဆိုရင် ငါကျန်နေရစ်ခဲ့ပါ့မယ် .. '

🍂🍂🍂

နေပြည်တော်မှာ ခရီးတစ်ထောက်နားပြီး နေ့လည်စာ ဝင်စားပြီးသည့်နောက်မှာတော့ တစ်နေကုန် ကားမောင်းလာရသည့် မေ့ကို အနားယူခိုင်းပြီး သူကိုယ်တိုင် ဆက်မောင်းလာခဲ့သည်။ မနက်အစောကြီးကတည်းက ကားထမောင်းလာရသည့် မေလည်း နေပြည်တော်က ထွက်လာသည့် လမ်း၌ ခဏတာမျှ အိပ်ပျော်သွားလေသည်။ ကျောက်ပန်းတောင်းနားကို ရောက်မှ ပြန်နိုးလာ၏။

Finding You (Complete)Tahanan ng mga kuwento. Tumuklas ngayon