" ခဏလေး ကိုကို ... ဘဲဥတွေရှိသေးတယ်။ ခြံနောက်က ဆူးပုတ်ရွက် သွားခူးပြီး ကြော်ပေးမယ် .. "
" ဘဲဥနဲ့ ဆူးပုတ် ကြော်ပေးမယ်လို့ ပြောတာလား မမ "
" အင်း .. "
" မလုပ်ပါနဲ့။ မမသိင်္ဂီ ထမင်းစား ပျက်နေလိမ့်မယ် .. ကိုကို အခုလည်း စားရတာ အဆင်ပြေပါတယ် .. "
"ခဏလေးပါဆို .. "
မမသိင်္ဂီကို သူတားလို့ မရခဲ့ပါ။ ခြံနောက်ထွက်ကာ ဆူးပုတ်ရွက်ကို အားချင်းသွားခူးလာပြီး မနက်က စျေးကနေ ဝယ်လာခဲ့ပုံထောက်တဲ့ ဘဲဥတွေနဲ့ တရှဲရှဲ ကြော်နေပါတော့သည်။ သူ ထမင်းစား မပျက်စေဖို့အရေးနဲ့ မမသိင်္ဂီတစ်ယောက်တော့ ထမင်းစားရတာ အရှိန်ပျက်နေချေပြီ။
မမသိင်္ဂီ အားချင်း ထကြော်ပေးခဲ့တဲ့ ဘဲဥဆူးပုတ်ကြော်လေးက တကယ်ကို စားကောင်းလွန်းသည်။ ကြွေပန်းကန်ထဲရှိနေသည့် ထမင်းတွေက ယခုမှပဲ တစ်ဝက်ကျိုးတော့၏။
" မမသိင်္ဂီ .. "
" ဟင် .. "
မမသိင်္ဂီက စားပြီးသော်လည်း ချက်ချင်းမထသေးပဲ သူစားလို့ပြီးမဲ့ အချိန်အထိ ထိုင်စောင့် အဖော်လုပ်ပေးနေရှာသည်။
" ညနေကျ Sunset သွားကြည့်ကြမယ်လေ။ ပြဿဒ်ကြီးမှာ .. "
သူပြောလိုက်တော့ မမသိင်္ဂီက ဘာမှပြန်မပြော။ သို့ပေမဲ့ အဆင်ပြေရဲ့လားဆိုသည့် အဓိပ္ပာယ်ပါဝင်သော အကြည့်တစ်စုံနဲ့ သူ့မျက်နှာကို စိုက်ကြည့်လို့နေပါသည်။ ဒါကို သိနားလည်နေတဲ့ သူလည်း မမကို ပြုံးပြလိုက်ကာ
" အခုတော့ စိတ်အခြေအနေလည်း ပြန်ကောင်းသွားပါပြီ။ ညနေကျ အပြင်ထွက်ကြည့်ချင်တဲ့ စိတ်လေးဖြစ်နေလို့လေ .. "
ထိုအခါမှ မမသိင်္ဂီဟာ ခေါင်းလေးညိတ်ပြရင်း
" အင်းပါ မမ လိုက်ပို့ပေးပါ့မယ် .. "
🍂🍂🍂
" ဒီနေ့တော့ ကိုကို့ကားနဲ့ပဲ သွားကြတာပေါ့မမ။ စိတ်ပြေလက်ပျောက် ကိုယ်တိုင်ပဲ မောင်းချင်လို့ရယ် .. "
VOCÊ ESTÁ LENDO
Finding You (Complete)
Romanceဖြူဖျော့ပြီး ခပ်ယဲ့ယဲ့လေးရယ်သာရှိသည့် မြတ်သိင်္ဂီဇော် ဆိုသော ထိုအမျိုးသမီးရဲ့ ရင်ခွင်ထဲ၌ ဒဏ်ရာတွေ ဗလပွနှင့် .. Lin Latt Paing မှ ဖန်တီးရေးသားထားသည်။
Part - 10 (Unicode)
Começar do início
