Part - 10 (Unicode)

Start from the beginning
                                        

" ဟို .. ဟိုလေ မမ .. ကိုကိုကလေ ငယ်ငယ်ထဲက ခြေလေးချောင်းသားရှောင်ထားလို့ရယ်။ ဆိတ် ဝက် အမဲ စားလို့မရဘူး မမ .. "

" ဪ .. Sorry .. မမ ကြိုမသိလိုက်လို့နော် "

မမရဲ့ အသံတိုးလျလျလေးထဲမှာ အားနာသွားတဲ့ အငွေ့အသက်တွေ ပါဝင်နေသည်။

" ဒီဖရုံချဉ်ကြော်လေးတော့ ရှိတယ် .. ခတ် လာပေးထားတာ .. "

အချဉ်ဖောက်ထားတဲ့ ကျောက်ဖရုံသီးကို ပုစွန်ခြောက်ရယ် ငရုပ်သီးရယ်နဲ့ ကြော်ထားတဲ့ ဟင်းခွက်လေးအား အရှေ့ဘက်သို့ ထိုးပေးသည်။ ထို့နောက် အငွေ့တထောင်းထောင်းထနေတဲ့ ပဲဟင်းချိုလေးကိုလည်း သူ့ရှေ့နားသို့ တိုးပေး၏။

" အိုး ပဲဟင်းချို အနံ့လေးက မွှေးနေတာပဲ .. "

ချက်ချင်း တစ်ဇွန်းခပ်ကာ သောက်မယ်ကြံတော့ မမသိင်္ဂီက သူ့လက်လေးကို လာကိုင်သည်။

" ပူတယ် .. မှုတ်ပြီးမှ သောက် .. "

အသံတိုးနေတာကြောင့် မကြားရမှာစိုးလို့ထင်ပါရဲ့ ၊ မမသည် စကားပြောလျှင် လက်ဟန်အမူအယာလေးတွေနဲ့ တွဲဖက်ပြီးပြောတတ်၏။ ထိုအမူအရာလေးကိုကပဲ ချစ်စရာကောင်းနေပြန်သည်။

" ဟုတ်ဟုတ် .. "

တဟူးဟူးနဲ့ မှုတ်ပြီးမှ သူသောက်လိုက်ရင်း မမသိင်္ဂီကို လက်မလေး ထောင်ပြမိခဲ့သည်။

" မမ .. တအားကောင်းတယ် သိလား။ ရှယ်ပဲ .. "

မမကလည်း သူ့လိုပင်။ ထမင်းကို လက်နဲ့ နယ်ဖတ်မစား။ ဇွန်း၊ ခက်ရင်းဖြင့်သာစား၏။ သူပြောတော့ မမက ထမင်းစားနေရင်းမှ သူ့မျက်နှာကို စိုက်ကြည့်ပြီး ပြုံးပြသည်။ ရှားပါးတဲ့ အပြုံးလေးကို မြင်ရပြန်တော့ သူစိတ်ထဲ ကြည်နူးသွားရသည်။

မမညိုလာပို့ပေးထားတဲ့ ဖရုံချဉ်ကြော်က အတော်လေးကို စပ်၏။ သာမန်လူတွေအတွက်တော့ သိပ်စပ်မည်မထင်ပေမဲ့လို့ သူကကျ အစပ်လည်း မစားနိုင်သူမို့ ဖရုံချဉ်ကြော်ကို တို့ခနဲစားလိုက်၊ ပဲဟင်းတွေ သောက်လိုက်ဖြင့် တရူးရူးတရှဲရှဲဖြစ်ကာ ချွေးများပင်ပျံလာသည်။ ဒါကို မမသိင်္ဂီက ရိပ်မိတော့

Finding You (Complete)Where stories live. Discover now