Part - 10 (Unicode)

Depuis le début
                                        

🍂🍂🍂

ခွခေါင်းအုံးလေးခွပြီး အိပ်နေသည့် ကြယ်စင့်ရဲ့ ပါးလေးကို မြတ် လက်နဲ့ဖြည်းဖြည်းလေးပုတ်ပြီး နှိုးနေမိသည်။

" ကိုကို .. ကိုကို .. ကြယ်စင်ကိုကို .. "

" အင်း .. အင်း .. ဟင် .. မမ .. "

မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်နဲ့ အတင်းတွန်းကန်ဖွင့်ကြည့်မိတော့ မြတ်ကို မြင်ပြီး ကြယ်စင်  အိပ်ချင်ပြေသွားခဲ့ရသည်။ ချက်ချင်းထထိုင်ပြီး မျက်လုံးအပြူးသားဖြင့်

" မမသိင်္ဂီ .. ဘယ်လိုလုပ်ပြီး ဒီရောက် .. "

ကြယ်စင် မေးနေစဉ်မှာပဲ မြတ် စိတ်ပေါက်ပေါက်နဲ့ ကြယ်စင့်လက်မောင်းကို ခပ်ဖွဖွ ရိုက်ချလိုက်ပါတော့သည်။

" ဘာလို့ ဒီအချိန်အထိ မထပဲ အိပ်နေသလဲ .. ပေါက်ကရတွေ လျှောက်လုပ်ထားတာလား .. "

" ခဏ ခဏလေး မမ .. ဖြည်းဖြည်းချင်းပြောပါလား ကိုကို သေချာ မကြားရလို့ .. "

မြတ်ရဲ့ အက်ကွဲကွဲလေသံသဲ့သဲ့ကို ကြယ်စင် သဲသဲကွဲကွဲ မကြားရ။ မြတ်က စကားဖြင့် ထပ်မပြောပဲ ဘေးက စားပွဲဝိုင်းပိစိလေးပေါ်တင်ထားတဲ့ ဆေးပုလင်းကို ယူပြီး ကြယ်စင့် မျက်နှာရှေ့ထောင်ပြရင်း

" ဒီဆေးတွေ သောက်ထားတာလား .. "

" ဪ ဟုတ်တယ် မမသိင်္ဂီ။ ညက အိပ်မပျော်တာနဲ့ ၂ လုံးသောက်လိုက်မိတာ။ ဒီဆေးက ဆရာဝန်ပေးထားတဲ့ဆေးပါ .. ဟိုးအရင်နှစ်တွေတုန်းက ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်ရပြီး နေမကောင်းဖြစ်သေးတယ်။ အသံတွေနာပြီး ညဘက်ဆို အိပ်မရလို့ အဲ့တုန်းထဲက မိသားစုဆရာဝန်က ပေးထားတာ။ နေမကောင်းဖြစ်တဲ့ ညတွေနဲ့ .. ဘယ်လိုမှ အိပ်မရတဲ့ ညမျိုးကျမှသာ သောက်တာပါ မမရယ် .. "

ကြယ်စင် သေချာရှင်းပြတာကို နားထောင်ပြီးတဲ့နောက်မှ မြတ် သက်ပြင်းဟင်းခနဲ ချနိုင်တော့သည်။

" ဘာလဲ မမက ကိုကို မဟုတ်တာတွေ လျှောက်လုပ်မယ်လို့ ထင်နေတာလား ပြော .. "

" မဟုတ်ပါဘူး .. ဒီတိုင်း .. စိတ် ပူ လို့ .. "

" တောင်းပန်ပါတယ် .. မမကို စိတ်ပူအောင် လုပ်မိခဲ့လို့ .. "

Finding You (Complete)Où les histoires vivent. Découvrez maintenant