ဒုန်း!

ထိုင်ရာမှထရပ်ပြီး ခုံကို သူ့ခြေထောက်နှင့် ကန်ထည့်လိုက်၏။ သူ့အသံဟာ ခြင်္သေတစ်ကောင်ရဲ့သြဇာလိုကြီးမှားလှသည်။ သူ့ရဲ့စူးရဲသည့်အကြည့်များက ကျီးကန်းတစ်ကောင်ကဲ့သို့စူးရှ၏။

"မင်းတို့ကို မြေမြုပ်ပစ်ရမလား"

"မလုပ်ပါနဲ့ Boss!"

"အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ကြ"

အမိန့်ပေးလိုက်သည်နှင့် လူတစ်စုက အိမ်ထဲဝင်မွှေကြသည်။ သူကတော့ အပြင်ထွက်ပြီး စီးကရက်တစ်လိပ်ထုတ်ယူပြီး ရွှေရောင်မီးခြစ်နှင့် မီးခြစ်ရင်း ဇိမ်ပြေနပြေဖွာလိုက်၏။

"နေရာအနံ့ရှာကြ..."

အဒေါ်ကြီးရဲ့ငိုသံက ရပ်ကွက်ထဲလွှမ်းခြုံသွား၏။ သို့သော်လည်း ဘယ်သူကမှ လာမတားရဲကြချေ။ အချိန်တစ်အောင့်လောက်ကြာသည့်အခါ သူ့အရှေ့သို့ မိန်းကလေးတစ်ယောက်ဆွဲခေါ်လာသည်။

"အို...ကျွန်မရဲ့သမီးလေးကို ခေါ်မသွားကြပါနဲ့ ကျွန်မကို ကြိုက်တာလုပ်ပါရှင်"

"ဒီသောက်အဖွားကြီးကို ငါတို့ကဘာလုပ်ရမလဲ။ အိမ်အကူလုပ်ခိုင်းရင်လည်း သေတဲ့အထိ အကြွေးက ကြေမှာမဟုတ်ဘူး"

ထိုအုပ်စုထဲက စကားများသည့်လူတစ်ယောက်က ပြောလာသည်။ အဒေါ်ကြီးကိုတော့ လူနှစ်ယောက်ကဆွဲဖမ်းထား၏။ ထိုလူကတော့ ကျောလယ်ထိရောက်နေသောဆံပင်နှင့် မျက်နှာကွယ်ထားသောမိန်းကလေးရဲ့ မေးကိုဆွဲကြည့်ပြီး ကားထဲခေါ်သွားဖို့မေးဆက်ပြသည်။

"အို...သမီးရယ်...ကျွန်မသမီးလေးကို ခေါ်မသွားကြပါနဲ့..."

"နားညီးလိုက်တာ ဒီအဖွားကြီး...ဟာ...လုပ်ထည့်လိုက်..."

"ဟိတ်ကောင်! တော်စမ်း!..."

သူ့ရဲ့ဟိန်းဟောက်သံကြောင့် တပည့်ဖြစ်သူကအဒေါ်ကြီးကိုလွှတ်ပြီး ကားဆီသို့ပြေးသွားသည်။

"သူဌေးလေးရယ်...ကျွန်မသမီးကို ခေါ်မသွားပါနဲ့။ ကျွန်မပိုက်ဆံတွေအကုန်ပြန်ဆပ်ပါ့မယ်"

"ဆပ်စရာမလိုဘူး။ ရော့..."

သူ့ခြေထောက်နားဦးချရန်ပြင်နေသည့် အဒေါ်ကြီးကို ပိုက်ဆံအထပ်လိုက်ပစ်ပေးလိုက်သည်။

Breaking Down( ခေတ္တရပ်ထား)Where stories live. Discover now