part-23 (uni) 🚨

En başından başla
                                        

'' သူများ အိုမီဂါကိုလာထိ​ဖို့ကြံနေတာကမယဥ်
ကျေးဘူးမဟုတ်လား ''

တောက်စ်!

ထိုအယ်ဖာက ဒေါသတစ်ကြီး အနားက ခုံကို
ကန်ပြီးထွက်သွားလေတော့သည် ။ ထိုတော့
မှ နှင်းလည်း ရင်ခွင်ထဲက ပျော့ခွေနေသူကိုထူ
​ဖို့လုပ်တော့မရ ။ အပုံလိုက်အောက်ကျသွား
သည်မို့..

'' ဟေး မေရီလွင်လွင်... မက်မွန်ပန်းလေးး..
ထအုံးမှပေါ့.. မင်းအိမ်ပြန်ရအုံးမယ် ''

'' အွန်းးး မမနှင်းးး အင်းး ''

နှင်းပြောနေတာကို မူးနေသူကအဖက်ပင်မ
လုပ်ပဲ တအွန်းအွန်း တအင်းအင်းသာလုပ်နေ
သောကြောင့် ေပွ့ချီပြီးပြန်ဖို့လုပ်ရတော့
သည် ။ နှင်းခန္ဓာကိုယ်က အရမ်းကြီးတောင့်
တင်းမနေပေမဲ့ သေးကွေးလွန်းသည့် ဒီိအိုမီဂါ
မလေးကိုတော့ကောင်းကောင်းပွေ့ချီနိုင်လေ
သည် ။

ကားထဲရောက်သည်နှင့် သူမအမေဆီဖုန်းလှမ်း
ဆက်ရသည် ။

'' ဟယ်လို ''

ဖုန်း ၄ ခါလောက်ခေါ်ပြီးနောက်ဆုံးမှလာကိုင်
လေသည် ။ ညသန်းခေါင်ကျော်နေပြီမို့အိပ်နေ
ပြီထင်သည် ။ လူကြီးတွေကိုအားနာပေမဲ့ သမီး
ဖြစ်သူပြန်မလာသေးလျှင်စိတ်ပူနေမည်မို့ဆက်
ရခြင်းပင် ။

'' အန်တီရေ နှင်းပါ ''

'' ဪ သမီးနှင်းပြောလေ ''

'' မေရီလွင်လွင်လေ... မူးနေလို့အဲ့ဒါ အိမ်ပြန်ပို့
ဖိူ့အဆင်မပြေဘူးထင်တယ် ''

'' ဟယ် ဒီကောင်မလေးကတော့!  ''

'' အန်တီစိတ်မပူပါနဲ့ အခုသူ့ကိုနှင်းခေါ်ထား
ပေးပါတယ်.. မနက်ကျ သေသေချာချာပြန်
လိုက်ပို့လိုက်ပါ့မယ် ''

'' အဆင်ပြေရဲ့လား သမီး..  မဟုတ်လည်းပြန်
ပို့လိုက်လို့ရပါတယ် ''

.'' မေရီကအရမ်းမူးနေတော့ အန်ကယ်စိတ်ဆိုး
နေမှာဆိုးလို့အန်တီ ''

ထိုသို့ပြောမှ ဘေးတွင် အခုလေးမှအိပ်သွား
သော ယောက်ကျားဖြစ်သူကိုကြည့်ရင်း

'' အင်းအင်း အဲ့ဒါဆိုလည်း ဟုတ်ပြီသမီးရေ
ဒုက္ခပေးသလိုဖြစ်ပြီလားကွယ် အားနာလိုက်
တာ ''

My Pretty AlphaHikayelerin yaşadığı yer. Şimdi keşfedin