မြူးကြွနေသောတီးလုံးသံများအောက်၌
အရက်အရှိန်ဖြင့်လူကစည်းချက်မှန်မှန်ရှယ်
ကနေလေပြီဖြစ်သည် ။ အလာတုန်းကဆိုင်က
ကောင်မလေးတွေနှင့်လာတာဖြစ်ပြီး ညနက်လာ
သည်နှင့် တစ်ယောက်ပြီးတစ်ယောက်ပြန်ကုန်
ကြလေသည် ။ လိုက်ပို့ပေးမည်ဆိုတာတောင်မ
စောင့်ကြတော့ ။
မစောင့်ရသည့်အကြောင်းမှာလည်း ည ၁ နာရီ
ကျော်နေသောကြောင့်ဖြစ်သည် ။ သူက ဆိုင်
ရှင်မို့ မူးပြီးမထနိုင်လျှင် တစ်နေကုန်ထိုးအိပ်နေ
လို့ရသည် ။ ဝန်ထမ်းတွေကတော့ ရက်မှန်ကြေး
ရှိနေသောကြောင့် အမူးမပြေလည်း ရေညှိဟင်း
ရည်သောက်ပြီး အလုပ်ဆင်းကြရပေလိမ့်မည် ။
Domainent omega ပီသစွာ ပျော့ပြောင်းသော
ခန္ဓာကိုယ်အနေအထားက အရက်အရှိန်နှင့်ရော
ကာ အယ်ဖာတွေအကုန်လုံး၏ အာရုံစိုက်ခြင်း
ကိူရရှိနေတော့လေသည် ။ အပြီအပြင်ကဲနေ
သော ထိုအိုမီဂါမလေးကိုသေသေချာချာကြည့်
လိုက်မည်ဆိုရင်တော့ နာကျင်နေသောမျက်ဝန်း
များကိူ မြင်ရပေလိမ့်မည် ။
သို့သော် night club မှာတော့ ဘယ်သူကမှနာ
ကျင်နေသလား ၊ ပျော်ရွှင်နေသလားခံစားပေး
နေမှာမဟုတ် ။ ဒီနေ့ညမှ ရောက်ချလာသည့်အ
လန်းလေးကြောင့် အပီဖြုတ်နိုင်ရင် ဘယ်
လောက်ဆိုပြီးလောင်းကြေးထပ်နေသည့်အသံ
တွေကိုသာကြားခဲ့မည်ဆိုလျှင် ထိုအိုမီဂါမလေး
ဘယ်လောက်ဒေါသထွက်သွားလိမ့်မလဲ ။
နှင်းသည်လည်း စိတ်ရူပ်နေလို့ Club လာကာ
မှ အရူပ်ထုပ်က မူးမူးကြီးစီးကြိုနေလေသည် ။
ပုံမှန်အားဖြင့်တော့ ပြုံးပြုံးကြီးစိီးကြိုသည်ဟု
ပြောကြပေမဲ့ အခုဟာကမလေးက မူးပြိီးစီး
ကြိုနေလေသည်မဟုတ်ပါလား ။ သူလည်းဘယ်
အချိန်က ဝဋ်ကြွေးတွေလည်းမပြောတတ် ဒီအိုမိ
ဂါမလေး ဒုက္ခရောက်ခါနီးအချိန်ဆို သူက ကွက်
တိရောက်ရောက်သွားတတ်လေသည် ။
ရောက်လက်စနှင့်မို့ တစ်ခွက်တစ်ဖလားတော့
သေချာပေါက် ချသွားမှရမည် ။ နှင်းတို့ရာဇဝင်
ကိုတော့အရိုင်းမခံနိုင်ပါ ။
မေရီလွင်လွင်သည်လည်း ခံစားရသမျှအကုန်
ကို အရက်နှင့်မျောချပြီး ခုန်ပေါက်ကခုန်ရင်း
အဝေးသို့ လွင့်ထွက်စေချင်မိသည် ။ နာကျင်မူ
တွေ အဝေးထွက်သွားမလာမသိပေမဲ့ သူမက
တော့အသက်ထွက်တော့မည်ထင်သည် ။ ထမင်း
ကောင်းကောင်းမစားရသေးပဲ အရက်သောက်
ထားသည်မို့ ခန္ဓာကိုယ်ကအတော်လေးအခြေ
အနေဆိုးနေလေသည် ။
YOU ARE READING
My Pretty Alpha
Fantasy''ငါတို့စတွေ့ခဲ့ကြတဲ့အချိန်၊ငါတို့ရဲ့ပထမဆုံးအနမ်းငါတို့ရဲ့ပထမဆုံးည အဲ့အချိန်တွေထဲကမင်းကငါ့ဟာဖြစ်နှင့်ပြီးသား...''
