part-20(uni)🚨

9.1K 190 7
                                        

လီမွန်တီးနှင့်လာဗင်ဒါရနံ့ဖယ်ရိုမုန်းပိုင်ရှင်လေး
ကိုရင်ထဲမှ မှန်းဆတမ်းတရင်း နိုင်ငံရပ်ခြားမှာ
ဖြတ်သန်းရသည့်ကာလတွေက သူ့အတွက်တ
ကယ်ကိုခက်ခဲပါသည် ။ ဘာသာစကားအသစ်
လူအသစ် ၊ နေရာအသစ် အကုန်အသစ်သစ်တွေ
ကြားမှာ သူ့ရင်ထဲမှာရှိနေတဲ့သူကသာမပြောင်း
လဲ ။

တနေ့နေ့ပြန်သုံးအုံးမလားဟူသည့်အတွေးလေး
နှင့်အကြိမ်များစွာခေါ်ဆိုနေဆဲဖုန်းကောလ်လေး
ဟာလည်း '' တပ်ဆင်ထားခြင်းမရှိပါ '' ဟုသာပြန်ဖြေလေသည် ။ Conversation အဟောင်းတွေကိုပြန်ဖတ်ရင်း delete account ဆိုတာလေးကိုမြင်တော့ လတ်ဆတ်နေဆဲဒဏ်ရာက သွေးစိမ့်လာကာ မျက်ရည်ကျမိပြန်သည် ။

သူ လင်းကို သိပ်လွမ်းနေပြီဖြစ်သည် ။ ရင်ထဲ
မှနင့်သဲသောလွမ်းဆွတ်တမ်းတမူတွေဖြင့် ပြေးပြီးထွေးပွေ့ထားချင်မိသည် ။ နမ်းရိူက်ခဲ့ဖူးသည့်ပါးပြင်နုနုလေးတွေကိုလဲလွမ်းသည် ။ အမြဲတမ်းဆဲဆိုနေတတ်သည့်အသံလေးကိုလည်းလွမ်းသည် ။ စိမ်းစိမ်းကားကားကြည့်တတ်သော မျက်ဝန်းလှလှလေးတွေကိုမှ အိမ်မက်ထဲမမြင်ရရင် သူ့မှာနေမထိထိုင်မသာဖြစ်ရသည် ။

မင်းကို လိုချင်တပ်မက်​မိတာက လမင်းကိုမျှော်
ကြည့်ရတာနဲ့ဆင်တူပေမ​ဲ့ ငါက ငါ့ဘဝရဲ့လမင်း
ကိုသေချာပေါက်ပိုင်ဆိုင်နိုင်အောင်ကြိုးစားမှာ။
Level 0 အဆင့် Alpha တစ်ယောက်၏ ရင်ထဲ
ကရုန်းထွက်လာသော ချစ်ခြင်းနှင့် မခံချင်စိတ်
များဟာ သူ့ကိုကောင်းမွန်စွာရပ်တည်နိုင်ရန်
ထောက်ပံ့ပေးခဲ့လေသည် ။ တရိပ်ရိပ်တိုးတက်
လာတဲ့ အမှတ်စားရင်းနဲ့အတူ ကျောင်းပြီးတာနဲ့
အလုပ်ခေါ်ဖို့တန်းစီနေသည့်ကုမ္ပဏီအမြောက်
အများရှိလာလေသည် ။

'' ဒါတွေအားလုံးက မင်းကြောင့်ပါပဲလင်း ငါ
မင်းစိတ်နဲ့မို့ ဒီလောက်ထိလုပ်နိုင်ခဲ့တာ.. မင်း
ဆိုတဲ့ ဖြစ်တည်မူလေးမရှိရင်ငါဒီလောက်ထိရပ်
တည်နိုင်ခဲ့မှာမဟုတ်ဘူး နောက်၂ နှစ်ပဲစောင့်ပေး
ပါ..  ငါသေချာပေါက် မင်းနဲ့တန်တဲ့သူအဖြစ်ပြန်
လာခဲ့ပါ့မယ် ''

ထိုသို့အားတင်းထားမူတွေဟာ ညီမလေးနှင့်
မာမီဖြစ်သူ၏ ဖုန်းကောလ်လေးတစ်ခုကိုလက်
ခံမရရှိခင်ထိသာကြာရှည်ခံခဲ့လေသည် ။

My Pretty AlphaWhere stories live. Discover now