part-18(uni)🚨

10.4K 177 7
                                        

' အဟွတ် ... အဟွတ်!  ''

ခေါ်နေတာကိုလှည့်မကြည့်သူကြောင့် လင်း
သန့်ရောင်အခန်းထဲကို လျှောက်ဝင်လိုက်ရင်း
ရုတ်တရက်အဆုပ်ထဲကိုဝင်လာသည့်ဆေးလိပ်
ငွေ့များကြောင့် သည်းသွားရလေတော့သည် ။

'' ဘာလာလုပ်တာလဲ... ''

ခန့်ကိုသူရိန်ဆီမှ ထွက်လာသည့်မာကျောလွန်း
သည့်စကားသံ ၊ တကယ်ကိုပထမဆုံးအဲ့လိုကြား
ဖူးတာပင် ။ လင်းသန့်ရောင်ကိုဆို အမြဲအလျော့
ပေးပြီးအကြိုက်လိုက်လုပ်ပေးခဲ့တဲ့သူက အခု
လိုမျိုး ငြိုငြင်သည့်အသံဖြင့်မေးလာတော့လင်း
သန့်ရောင်ဘာပြောရမလဲမသိဖြစ်သွားရသည် ။

'' ဟို... ''

'' ပြန်တော​့ ခဏနေမင်းအဆောင်ပိတ်သွား
လိမ့်မယ် လမ်းမှာမအိပ်ချင်ဘူးမလား ''

'' ငါပြောတာကိုအရင်နားထောင်ပေးခန့်ကိုသူ
ရိန် ''

'' ဘာပြောဖို့လဲ...ဘာမှမကြားချင်ဘူး..အေ့!''

ပြောပြီးအရက်နာကျနေသူက ကျို့တစ်ချက်
ထိုးကာ အနားက ဘီယာဗူးကိုဆွဲယူမော့ပစ်
လိုက်သည်မို့ လင်းသန့်ရောင်အတော်လေးစိတ်
တိုလာရတော့သည် ။

'' အဲ့ဒါ ဘာအရူးထတဲ့လုပ်ရက်ကြီးလဲ..ဟမ်.
ဒီလိုတွေပျက်စီးနေရမဲ့အရွယ်လား.. ''

ပြောပြီးအရှေ့ကိုဆက်လျှောက်လိုက်မိတော့

'' ဟာ..ဟိတ်မလာ...''

'' အ့..  ''

ခန့်ကိုသူရိန်၏ တားဆီးသံမဆုံးခင် လင်းသန့်
ရောင်၏ ခြေဖဝါးဆီမှနာကျင်မူကြောင့် ထွက်
ပေါ်လာသည့် ညီးညူသံက ထွက်ပေါ်လာလေ
သည် ။

'' ကျစ်!  ပုလင်းကွဲတွေရှိနေလို့ဟာကို ဘာလို့
ဇွတ်.. ဇွတ် ဝင်လာရတာလဲ ''

ခပ်ညိီးညီးပြောပြီး ခန့်ကိုသူရိန်က ခြေလှမ်း
ကျယ်ကြီးများဖြင့်ရောက်လာရင်း လင်းသန့်
ရောင်ကို စွေ့ကနဲ့ ကောက်ပွေ့ကာ ကုတင်ပေါ်
တင်ပေးလေသည် ။ ခြေတောက်မှာတော့နင်း
မိထားသောပုလင်းကွဲစကြောင့်သွေးတွေစီးကျ
နေပြီဖြစ်သည် ။

အခန်းမီးကို ခပ်သွက်သွက်သွားဖွင့်ရင်းဆေး
​ေသတ္တာပြေးယူရသည် ။ လင်းသန့်ရောင်ဆိုတာ
အဲ့လိုမျိုးပင် ကိုယ့်ဘာသာအသဲကွဲနေတာ
တောင်နောက်ကနေလိုက်ပြီး ဆေးထည့်ခိုင်းမဲ့
ကောင်မျိုး ။ သူဆေး​ေသတ္တာယူပြီးအခန်းထဲဝင်
လာတော့လင်းသန့်ရောင်က ဂျိုကြည့်ကြည့်နေ
လေသည် ။

My Pretty AlphaWhere stories live. Discover now