part-23 (uni) 🚨

Start from the beginning
                                        

အားပါပါခုန်ချက်များအောက်၌လူက ခွေက
နဲ့ လဲကျမလိုဖြစ်သွားစဥ် အနောက်မှဖမ်းထိန်း
လိုက်သောရင်ခွင်ကြောင့် မေရီတယောက်
ကြမ်းမြင်ပေါ်သို့ ခွေးကျဝက်ကျတော့ ကျမသွား
ပေ ။ ပြီးတော့ ထိုရင်ခွင်ထံမှ  ညိုးအားပြင်း
သည့် Tissue ရနံ့ဖယ်ရိုမုန်းကိုခံစားမိလိုက်သည်
နှင့်တစ်ပြိုင်နက် မေရီရုန်းထွက်ပစ်လိုက်တော့
ထိူ အယ်ဖာက ဟက် ကနဲ့ရယ်လေသည် ။

'' မင်းမူးနေပြီမလား ပြန်နိုင်သေးလို့လား ''

'' ... ''

မေရီ ဘာမှပြန်မပြောပဲ မီးရောင်စုံအောက်က
ထိုလူ့မျက်နှာကိုသေချာကြည့်နေပေမဲ့ နှာခေါင်း
က နှဖူးပေါ်ရောက်လိုက် မေးအောက်ရောက်လိုက်နှင့်မို့ တကယ်မူးနေပြီဆိုတာကို လက်ခံလိုက်ရသည် ။

'' ကိုယ်လိုက်ပို့ပေးမယ်လေ ''

ပြောပြီးသည်နှင့်ထိုအယ်ဖာက မူးနေ၍ကောင်း
ကောင်းမရပ်နိုင်တော့သော အိူမီဂါမလေး၏ခါး
ဖြူဖြူသွယ်သွယ်လေးဆီ လက်လှမ်းလိုက်စဥ်

'' oh!  sorry ''

ဟူသောအသံနှင့်အတူ အနောက်မှတစ်ယောက်
ယောက်ကအတင်းဝင်တိုက်လိုက်သဖြင့်လဲမ
သွားအောင်အတော်ထိန်းလိုက်ရသည် ။

'' baby မူးနေပြီလား..  အစထဲကအများကြီမ
သောက်ဖို့မှာလိုက်တာကို ''

ပြောပြောဆိုဆိုဖြင့် နှင်းက မူးနေသော မက်မွန်
ပန်းလေးကိုရင်ခွင်ထဲဆွဲထည့်လိုက်တော့အရှေ​့
ကအယ်ဖာကောင်က မလိုမူအပြည့်နှင့်စူးစူးရဲရဲ
ကြည့်ကာ

'' ဒီအကွက်တွေရိုးနေပြီ ဘဒို.! ကွက်ကျော်ရိုက်
မယ်ဆို တခြားနေရာသွားလုပ်စား.. ဒါလေးက
ကိုယ်ဦးပီးသား ''

ထိုကောင့်စကားကြောင့် မေရီခါးကိုထိန်းကိုင်
ထားသော နှင်းလက်တွေက တင်းကြပ်သွား
တော့ ရင်ခွင်ထဲက ကလေးက ခေါင်းထောင်
လာရင်း

'' မမနှင်းးးလား.. အင့်...အဟွတ်! မေရီအရမ်း
မူးနေပြီ ''

နှင်းအင်္ကျ်ိဆကို ကိုင်ပြီးခပ်ချွဲချွဲလေးပြောလာ
သော အိုမီဂါမလေးကြောင့် နှင်း နူတ်ခမ်းတွေ
ကော့တက်သွားရလေတော့သည် ။ အရှေ့က
ကောင်ကို မျက်ခုံးပင့်ပြရင်း

My Pretty AlphaWhere stories live. Discover now