'' ခန့်ကိုသူရိန်! ဒါလူအိပ်ချိန်နော် မင်းနားမလည်
ဘူးလား ''
'' မင်းမှမအိပ်သေးတာ ''
'' ကျစ်!''
'' ၅ မိနစ်အချိန်ပေးမယ် အချစ် မင်းထွက်မလာ
ရင်ငါဝင်လာမယ် ''
တီ... တီ..
တောက်! ဒီမအေဘေးလေးကတော့ ပြောချင်
တာပြောပြီး ဖုန်းတောင်ချသွားလိုက်သေးသည်
ဒီကောင်နိုင်ငံခြားကပြန်ရောက်လာပြီးမှလက်ရဲ
ဇာက်ရဲနှင့်အပြောအဆိုကအစ ရိုင်းစိုင်းလာသည်
Schoolarship နဲ့ အရိုင်းအစိုင်းနည်းတွေသွားသင်ခဲ့သလားမသိ ။ သူမထွက်ရင်လည်းတကယ်ဝင်လာမဲ့ကောင်မို့ ပြသနာမဖြစ်စေရန်ကိုယ်ကပဲထွက်သွားရသည် ။
ကျွီ....
တံကားဖွင့်သံခပ်တိုးတိုးနှင့်အတူ ပေါ်ထွက်လာ
သော အပြာနုရောင်အရိပ်ကလေးကြောင့် အ
မှောင်ထဲတွင်ရပ်နေသော ခန့်ကိုသူရိန်၏နူတ်ခမ်း
များကော့တတ်သွားရသည် ။ နှစ်တွေကြာပြီးအ
သက်တွေကြီးလာပေမဲ့ အပြာရောင်ညဝတ်အ
င်္ကျီပဲဝတ်နေသေးသူက စောက်ရမ်းချစ်ဖို့ကောင်း
လွန်းနေလေသည် ။
'' ပြောဘာလဲ... ''
အသံက အောင့်အောင့်ဆောင့်ဆောင့်ဖြစ်သ
လို မျက်နှာကတင်းမာနေလေသည်မို့ ခန့်ကိုသူ
ရိန်ပို၍အူယားသွားရတော့သည် ။
'' လာစမ်းပါ ဒီနားအထိ ''
ပြောပြီးသည်နှင့် ရုတ်တရက်လက်ကိုဆောင့်
ပြီးဆွဲလိုက်သည်မို့ လူက သူ့ရင်ခွင်ထဲတန်း
ရောက်သွားရသည် ။
'' ခန့်ကိူသူရိန် မင်းမိုက်မိုက်ရိုင်းရိုင်းလာမလုပ်
နဲ့နော် ''
'' ဟ ဘယ်မှာ မိုက်ရိုင်းရသေးလို့လဲ မင်းကအ
ဝေးကြီးမှာရပ်နေလို့ နည်းနည်းပဲဆွဲတာကို မင်း
ဘာသာအသားယူချင်လို့ ငါ့ရင်ခွင်ထဲဝင်လာတဲ့
ကိစ္စကို ''
လင်းသန့်ရောင်ကို အသားယူနေသည်ဟုစွပ်စွဲ
နေသူက သူ့ရင်ခွင်ထဲ၌ပွေ့ဖက်ထားသည်ကိုမ
လွတ်ပေးသည့်အပြင် ခါးကိုပါ ခပ်တင်းတင်း
ဆုပ်ကိုင်ထားလေသေးသည် ။
'' အေး အဲဲ့ဒါဆိုလည်းငါ့ခါးကိုလွတ်! မင်းဘာ
ပြောစရာရှိတာလဲဒီအချိန်ကြီး ပြောစရာရှိတာ
ပြောပြီးရင် ပြန်တော့! ''
KAMU SEDANG MEMBACA
My Pretty Alpha
Fantasi''ငါတို့စတွေ့ခဲ့ကြတဲ့အချိန်၊ငါတို့ရဲ့ပထမဆုံးအနမ်းငါတို့ရဲ့ပထမဆုံးည အဲ့အချိန်တွေထဲကမင်းကငါ့ဟာဖြစ်နှင့်ပြီးသား...''
part-20(uni)🚨
Mulai dari awal
