'' မာမီ.. အငယ်မ မျက်နှာကဘယ်လိုဖြစ်နေ
တာလဲ ''
ပုံမှန်အတိုင်း Video call ပြောကြတော့အပျို
အရွယ်ရောက်လာတဲ့ ညီမဖြစ်သူ၏ မျက်နှာ
သည်ပုံမှန်ထက်ပင်ပို၍ ပျော်ရွှင်နေဟန်ရှိတာ
ကြောင့်မေးလိုက်ခြင်းပင် ။
'' အမလေး ပြောပြမယ်.. အဲ့ဒါပြောချင်လို့
သားကိုစောင့်နေတာ '''
မာမီစကားကို သူခေါက်ဆွဲစားနေရင်းဖြင့်
ခေါင်းသာညိတ်ပြလိုက်သည် ။
'' မင်းညီမကို Mate အဖြစ် မြို့တော်ဝန်လောင်း
ရဲ့အိမ်တော်က ကမ်းလှမ်းထားလေရဲ့တော်.. ''
'' မြို့တော်ဝန်လောင်း...?!!! ''
ခေါင်းထဲ၌ အချက်ပေးသံတွေဆူညံသွားခဲ့သ
လို ပတ်ဝန်းကျင်တစ်ခုလုံးကိုရပ်တန့်သွားလေ
တော့သည် ။
'' သားသူငယ်ချင်းပဲလေ လင်းသန့်ရောင် ၊ သူ
သားကိုမပြောဘူးလား ''
အဲ့ဒီစကားဟာ သူ့ကမ္ဘာကိုတောင်တုန်လူပ်သွား
စေခဲ့တယ် ။ ဘယ်လိုတောင်လုပ်ရက်ရတာလဲ
ကွာ..ဒီကောင်က မင်းမှမင်းဖြစ်နေမှန်းသိရက်နဲ့
ငါ့ကိူငြင်းပြီး ငါ့ညီမကိုယူမယ်ဆိုတာကတရားလွန်လွန်းတယ်မဟုတ်ဘူးလား ။ တောက်!
'' သားရေ... ဟယ်လို.. အယ်တော် လိုင်းကျသွား
တာလား... ''
screen ရှေ့မှာ မလူပ်မလျှက်ငြိမ်သက်သွား
သော သားဖြစ်သူကိုကြည့်ကာလိုင်းကျသွား
တယ်အထင်ဖြင့် ဖုန်းချလိုက်လေသည် ။ တကယ်က လိုင်းကျသွားတာမဟုတ်ပါဘူးမာမီ ကျွန်တော်နှလုံးသားတစ်ခုလုံးကျသွားခဲ့တာ... ။
စားလက်စခေါက်ဆွဲကိုဆက်မစားဖြစ်တော့ပဲ
သူအံကိုတင်းတင်းကြိတ်လိုက်ရင်း
'' မင်းဘက်က စပြီးငါ့ကိုစိန်ခေါ်နေတာပဲလင်း
အရမ်းဆိုးမပြနဲ့ ဒီကောင်က မင်းကိုဘယ်သူမှ
မမြင်နိုင်အောင်အပိုင်သိမ်းထားပစ်မိတော့မှာ''
***************************
in 2024 ( အခုလက်ရှိအချိန်ကိုပြန်လည်ရောက်
ရှိ)
'' ခြံအပြင်ကိုခဏထွက်လာခဲ့လင်းသန့်ရောင် ''
အရှေ့က ကွန်ပျုတာပေါ်က စာရင်းတွေကိုကြည့်
နေရင်း ဖုန်းထဲကထွက်လာသည့်စကားကြောင့်
လင်းသန့်ရောင်မှာ နားထင်ကိုသာလက်ဖြင့်ဖိ
နှိပ်ရင်း ဒေါသမထွက်မိအောင်ထိန်းချုပ်လိုက်ရ
သည် ။
YOU ARE READING
My Pretty Alpha
Fantasy''ငါတို့စတွေ့ခဲ့ကြတဲ့အချိန်၊ငါတို့ရဲ့ပထမဆုံးအနမ်းငါတို့ရဲ့ပထမဆုံးည အဲ့အချိန်တွေထဲကမင်းကငါ့ဟာဖြစ်နှင့်ပြီးသား...''
part-20(uni)🚨
Start from the beginning
