'' မင်းသဘောနဲ့မင်း လုပ်ချင်တာလုပ်မယ်မ
လား ဒါဆိုငါဘာမှမပြောတော့ဘူး.. မင်းအ
ဆင်ပြေသလိုနေလိုက်တော့ ''
ပြောပြီးခြေတောက်ထော့နင်းထော့နင်းဖြင့်
အခန်းထဲက ထွက်သွားဖို့လုပ်နေလေသည် ။
ခန့်ကိုသူရိန်မှာလည်း လင်းသန့်ရောင်၏ယခု
လိုမျိုး ပုံစံကိုမမြင်ဖူးတာကြောင့် ကြောင်ကြည့်
နေရင်းမှ
'' ဘယ်သွားဖို့လဲ အဲဲ့ဒါ ''
ပြောပြီးသည်နှင့် အဖြူရောင်ကျောပြင်လေး
ကို ခါးမှ ဆတ်ခနဲ့ ဆွဲပွေ့ယူလိုက်ပြီး သူ့ကုတင်
ပေါ်ပစ်ချလိုက်သည် ။ ရုတ်တရက်ကြီးပွေ့ကာ
ပစ်ချလိုက်သည်မို့ ခေါင်းထဲကမူးသွားပြီးချက်
ချင်းမထနိုင်ဖြစ်နေသည့် လင်းသန့်ရောင်၏
ကိုယ်ပေါ်ကို အုပ်မိုးပစ်လိုက်ရင်း
'' တကယ်တော့အခုငါ rut ဖြစ်နေတာ... မင်း
မလာခင်ထဲက မင်းကိုမှန်းပြီး စိတ်ဖြေလျော့
နေတာ... ခဏကငါမှန်းပြီးလုပ်နေတဲ့သူကအ
ခု ငါ့ကုတင်ပေါ်မှာ... အဟက်! ''
ထိုစကားကြားမှ လင်းသန့်ရောင်ခေါင်းထဲ အ
ချက်ပေးသံများဆူညံလာရလေတော့သည် ။
ဟုတ်သည် အခန်းထဲ၌ အေးစက်စက်သျှား
စောင်းရနံ့တွေကမွှန်ထူနေသည် ။ ခဏကဒေါ
သထွက်နေသည့်စိတ်ကြောင့် သူသတိမထားမိ
ခဲ့တာဖြစ်မည် ။
'' ဖယ်... ဖယ်ပေး ''
လန့်သွားသလိုမျိုး မျက်တောင်ဖျားလေး
တွေ လူပ်ခတ်သွားပြီးမှ သူ့ရင်ဘက်ကိုလက်
နှင့်တွန်းပြီး ထွက်ပြေးဖို့လုပ်လေသည် ။ ရမ
လား လင်းသန့်ရောင် ၊ အဲ့လိုရပါ့မလား ။ သူ
ပြန်ဆွဲချုပ်ပြီး ဖက်ထားလိုက်ရင်းသူ့မျက်လုံး
တွေကိုစေ့စေ့ကြည့်ပစ်လိုက်ကာ
'' ငါရှိတဲ့နေရာကို အရင်ရောက်လာခဲ့တာကမင်း
မလား.. လာချင်တဲ့အချိန်လာပြီး ဒီတိုင်းပြန်
ထွက်သွားလို့ရကြေးလား.. ? ''
ခန့်ကိုသူရိန်ကပုံမှန်ထက်ခြားနားစွာ တဇွတ်
ထိုးဆန်ပြီး အကြည့်တွေကအစ ရီဝေနေသ
ဖြင့် လင်းသန့်ရောင်ကြောက်လာရသည် ။ ဒီ
ကြောက်ရွံ့မူမျိုးက သူ့အတွက်ပထမဆုံးအ
ကြိမ်ပင် ။
'' ရူးနေတာလား... ဖယ်ပေးလို့ ခန့်ကိုသူရိန်''
'' ငါ မင်းကို ချစ်တယ် လင်းရယ်... ဟင် ''
YOU ARE READING
My Pretty Alpha
Fantasy''ငါတို့စတွေ့ခဲ့ကြတဲ့အချိန်၊ငါတို့ရဲ့ပထမဆုံးအနမ်းငါတို့ရဲ့ပထမဆုံးည အဲ့အချိန်တွေထဲကမင်းကငါ့ဟာဖြစ်နှင့်ပြီးသား...''
part-18(uni)🚨
Start from the beginning
