ထုံးစမ်အတိုင်းသူ့အကြည့်ကိုဂရုမစိုက်ပဲအ
ရှေ့၌ ဒူးထောက်ထိုင်ချလိုက်ရင်း ခြေတောက်
ကိုအသာမကာ ပုလင်းကွဲကိုဆွဲနုတ်လိုက်တော့
ခန္ဓာကိုယ်လေးကတုန်သွားပေမဲ့အသံတော့ထွက်
မလာချေ ။ တော်တော်အကျောတင်းတဲ့ကောင်
ခဏနေမှ အကြောလျှော့ပေးရမည်ဟုစိတ်ထဲက
ခပ်ချဥ်ချဥ်တွေးပစ်လိုက်သည် ။

'' အမြဲတမ်းသတိကြီးကြီးထားတဲ့မင်းကဘယ်
လိုဖြစ်လို့ ပုလင်းကွဲကိုတက်နင်းတာလဲ ''

''' မင်း​ကြောင့်လေ.. ဘာလို့အဲ့လိုမျိူးတွေပျက်
စီးမဲ့လုပ်ရက်တွေကိုလုပ်နေရတာလဲ 'i''

'' မင်းဆီမှာငါ့အတွက်နေရာလေးတစ်ခုတောင်
မရှိဘူးမဟုတ်လား ဘာလို့စိတ်ပူပေးနေတာလဲ
ဘာဖြစ်ဖြစ်ပစ်ထားလိုက်... ငါ့ဘဝနဲ့ငါပဲရှိပစေ
ပေါ့.. ဟုတ်လား ''

'' မလုပ်နိုင်ဘူး ... ငါအဲ့ဒီလိုမလုပ်နိုင်ဘူး ''

ဒေါသတကြီးပြောပြီး ခြေတောက်နာနေသူက
မတ်တပ်ကြီးထရပ်လေသည် ။

'' ပြန်ထိုင် လင်းသန့်ရောင် မင်းနင်းထားတာ
အရက်ပုလင်းက ဖန်ကွဲစကြီး ဝါဂွမ်းလေးမ
ဟုတ်ဘူး ''

ပြောပြီးလက်ပါ အားကြီးဖြင့်သူ့ကိုဇွတ်ဆွဲချ
ပြီးထိုင်စေလေသည် ။

'' မင်းကျောင်းပြန်မတက်ဘူးဆို ငါ့ကိုလည်း
ဆေးထည့်ပေးစရာမလိုဘူး ''

'' အဟက်! ချိန်းခြောက်တတ်နေပြီပဲမင်းတောင်
ငါ့စိတ်နဲ့ငါပဲ ငါလုပ်ချင်မှလုပ်မှာပေါ့ ''

'' ဒါဆိုလည်း ရတယ် ငါလည်းငါ့စိတ်နဲ့ငါ ဖယ်
ထည့်ပေးစရာမလိုဘူး ''

ပြောပြီး ခန့်ကိုသူရိန် လက်ထဲမှ သူ့ခြေတောက်
ကိုဇွတ်ပြန်ဆွဲယူသည် ။

'' ကျစ်! လင်းသန့်ရောင် ငြိမ်ငြိမ်နေစမ်းလို့ ''

အသံကလဲ ဒေါသသံဖြစ်ကာ သူ့ဆီကထုတ်
လွတ်လာသည့် ဖယ်ရိုမုန်းကအစ ရန်လိုမူတွေ
အပြည့်ဖြင့်ဖြစ်သည် ။ လင်းသန့်ရောင်လဲ
အယ်ဖာဆိုပေမဲ့ သူက level 0 အဆင့်မဟုတ်
၍ ခန့်ကိုသူရိန်၏ ဖိနှိပ်သည့် ဖယ်ရိုမုန်းဒဏ်
ကို ခုခံနိုင်အားမရှိ ။ ထို့ကြောင့် ငြိမ်ကျသွား
တော့မှ ခြေတောက်ကိုဆေးထည့်ပြီး ပတ်တီး
ပါသေသေချာချာစည်းပေးလေသည် ။ 

My Pretty AlphaWhere stories live. Discover now