8

1 0 0
                                    

ခရောင်းလမ်းမှ မာယာကစားပွဲ ~ အပိုင်း ၈

ဒေါက် ဒေါက်

"ဘသူလဲ"

အရင်တခေါက်က အခန်းထဲကိုလူစိမ်းတွေရောက်လာတာမို့ ဟိုတယ်လုံခြုံရေးကိုအသိပေးထားပေမယ့် အခုတခါ အခန်းတံခါးခေါက်သံကြားတော့ ရင်ထဲစိတ်ပူသွားမိသည်။

"ဟယ် သွေး....."

အခန်းတံခါးလှပ်လိုက်တာနဲ့သွေးကခပ်သွက်သွက်အခန်းထဲ၀င်လိုက်ပီး အခန်းတံခါးကိုသေချာဂျက်ချလိုက်သည်၊၊

"သွေးဘလိုလုပ်....သွေးဆက်သွယ်မလာလို့စိတ်ပူနေတာ ဦးငယ်ဆီကျအဆက်သွယ်လုပ်ပီး ငါ့ဆီကျဘာလို့မဆက်သွယ်တာလဲ...."

"သွေးပြန်ပြောအုံးလေ ဘာတွေဖြစ်နေတာလဲ"

"အိမ်ပြန်ရမယ် ပစ္စည်းတွေမြန်မြန်သိမ်း"

"သွေး... ငါမေးတာအရင်ဖြေ"

သွဲ့ရဲ့အ၀တ်အစားတွေကို လက်ဂေ့ဆွဲဖွင့်ကာ အကုန်သိမ်းထည့်နေသော သွေးရဲ့လက်ကို ဆွဲယူလိုက်ပီး မေးနေသည်၊၊

"အချိန်မရှိဘူး သွဲ့.... အမှန်ကနင်ဒီကိုရောက်မလာခဲ့သင့်တာ"

"ဘာ..."

မျှော်လင့်မထားမိသော သွေးရဲ့စကားကြောင့် စိတ်ထဲမှာ နာကျင်သွားရကာ ၄နှစ်တာအဆက်အသွယ်ကောင်းကောင်းမရှိခဲ့။ လူချင်းတွေ့ခွင့်မရခဲ့ဘဲ၊ ဘယ်ဆီဘယ်ရပ်မှာ ဘလိုနေနေသလဲဆိုတာ သိခွင့်မရခဲ့တဲ့အပြင် ခုတွေ့ရပြန်တော့လဲ ကိုယ့်ဘက်ကပျော်နေပေမယ့် သူ့ဘက်က ဒီစကားမျိုး ပြောထွက်လာသည်တဲ့လား.....

ဖြန်း

ကျိန်းစပ်သွားရတဲ့ပါးပြင်တဖက်ကို လက်ဖြင့်ကိုင်ကာ သွဲ့ဆီကတခါမှ သည်လိုဆက်ဆံမှုမျိုးမခံခဲ့ရဖူးသဖြင့် ၀မ်းနည်းမှုတို့ကြောင့် မျက်ရည်စတို့ကတမဟုတ်ချင်း ဝေ့တက်လာသည်၊၊

သို့သော် ညီမနှစ်ယောက်ကြားကနားလည်မှုလွဲတာကို ဖြေရှင်းနေရမယ့်အချိန်မဟုတ်တာမို့ စီးကျလာသော မျက်ရည်တို့ကို သုတ်ပစ်လိုက်ပီး အခန်းထဲကသွဲ့ရဲ့ပစ္စည်းတွေကို အမြန်သိမ်းလိုက်သည်၊၊

"လာ သွဲ့ သွားရအောင်"

"မသွားဘူး"
ဟု အသံမာမာဖြင့်ပြောကာ အခန်းထောင့်ကဆိုဖာခုံမှာ သွားထိုင်နေသည်၊၊

ခယောင်းလမ်းမှမာယာကစားပွဲWhere stories live. Discover now