4

4 0 0
                                    

ဂျော့ရှ်တို့အဖွဲ့ထွက်သွားပီးနောက် လင်းသစ်နဲ့ဂိုဏ်းသားတချို့ အနီးနားပတ်၀န်းကျင်ကိုလှည့်လည်စစ်ဆေးနေကြပြန်သည်၊၊
ထို့နောက် ဂိုဒေါင်အပြင်မှာ ကားသံများကြားလိုက်ရပီး ဂိုဒေါင်ထဲကို အဖွဲ့တဖွဲ့၀င်လာသည်ကိုမြင်လိုက်ရသည်၊၊

ကျွီ ဂိုဒေါင်တံခါးလှပ်သံ
ခြေတလှမ်းချင်း၀င်ရောက်လာသော စတိုင်ကျကျလူတယောက် မျက်နှာကမေးရိုးတို့ကရှင်းလင်းသေသပ်စွာ ဘောင်ခတ်ထားပီး ဆွဲဆောင်မှာရှိလွန်းသောမျက်လုံးတစုံက ဂိုဒေါင်ထဲကိုဝေ့ဝိုက်ကြည့်လိုက်ပီးနောက်သွေးဆီကိုရောက်လာသောအကြည့် ထိုအကြည့်တို့နဲ့အတူ တခုခုကိုရေရွတ်လိုက်သယောင်ဖွင့်ဟလာသောနှုတ်ခမ်းပါးများ
သွေးကစျာန်ရဲ့နောက်ဘက် မလှမ်းမကမ်းမှာရပ်နေတာမို့ ထိုလူရဲ့မျက်နှာကိုအဝေးကနေမြင်လိုက်ရတာတောင် ရုပ်ချောသောယောကျာ်းတယောက်ဖြစ်မှန်းသိသာလွန်းသည်၊၊ လျှပ်တပြတ်အတွင်းသွေးဆီကအကြည့်တို့က စျာန့်ဆီသို့ဆိုက်ရောက်သွားကာ

"ဒါဘာအကွက်တွေလဲ သူရိယစျာန်"

သူရိယစျာန်..... Bossဆိုသောလူကိုခေါ်လိုက်သောအမည်နာမတခုကြောင့် စံအိမ်မှာနေတဲ့တလျှောက်လုံး Bossရဲ့နာမည်ကိုလူတကာဆီထုတ်ပြောလို့မရဘူးဟုဆိုကာ မည်သူ့ဆီကမှသိခွင့်မရခဲ့သော ထိုလူဆိုးကောင်ရဲ့နာမည်ကို သွေးတယောက်သိခွင့်ရလိုက်သည်၊၊

"ဘာကိုဆိုလိုတာလဲမင်းဆက်ပိုင်"

"ဘာကိုဆိုလိုလဲဆိုတာမင်းကိုယ်တိုင်အသိဆုံးနေမှာပေါ့"
Sunnကို ဒီကောင်ကဘလိုလုပ်သိပီး Sunnကရောဘာလို့ဒီမှာရောက်နေရတာလဲ ဘလိုတွေပတ်သက်နေတာလဲ၊၊ လွန်ခဲ့တဲ့၇နှစ်ကျော်က သေနတ်ဒဏ်ရာတွေနဲ့ ကိုယ့်ကိုကယ်တင်ပေးခဲ့ဖူးသော လက်တစုံရဲ့ပိုင်ရှင်၊၊ နှစ်ပေါင်းဘလောက်ကြာကြာဘယ်တော့မှ မေ့သွားနိုင်မှာမဟုတ်သော ထိုမိန်းကလေးက မင်းဆက်ပိုင်ရဲ့ဘ၀မှာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ် ဖြစ်တည်လာခဲ့သော တဦးထဲသောချစ်ရသူ၊၊ ထိုနေ့ကဂိုဏ်းမှာပြသနာကြီးတခုဖြစ်နေခဲ့တာမို့ သူမလေးရဲ့အကြောင်းတွေအများကြီးသိခွင့်မရခဲ့ပေမယ့် သူမရဲ့ဆွဲကြိုးဖြစ်ဟန်တူသည့် လော့ကတ်အပိုင်းအစလေးနဲ့ဆွဲကြိုးကို ယနေ့ထိသေချာသိမ်းထားခဲ့မိသည်၊၊ ဒီတလျှောက်လုံးမြေလှန်ရှာနေတာတောင်မတွေ့ရသေးသော သူမကိုသူရိယစျာန်က ဘလိုရှာတွေ့ခဲ့သည်လဲ၊၊

ခယောင်းလမ်းမှမာယာကစားပွဲWhere stories live. Discover now